ဆောင်းနှင်းဓါးထက်ချယ်ရီဝေ

866 130 1
                                    

Chapter 18

ကျို့ယွမ်ပိုင််ကခေါင်းယမ်းကာထိုစကားထဲတွင်အမှန်တရားအနည်းငယ်သာပါသည်ဟုတွေးမိနေသည်။ ယင်း ချုံဟွားအမိန့်တော်သာ သင့်လက်ထဲတွင်ရှိနေပါလျှင် မည်သို့များစနောက်ရန်အသုံးချမည်နည်း။

ထို့နောက် ကျို့ယွမ်ပိုင်က ရုတ်ချည်းရေရွတ်လိုက်မိ၏ : "စွမ်းအားကြီးတဲ့သူဆိုရင် ငါတွေးမိတာ ဟိုတနေ့ကသိုင်းပြိုင်ပွဲကိုကြည့်တဲ့ ပွဲကြည့်စင်အပေါ်ထပ်ကသိုင်းသမားက သေချာပေါက်စွမ်းအားကြီးတယ် သူကလက်လေးတစ်ချက်ဝှေ့ပြီး မြောက်ပိုင်းတောင်ထွတ်ကိုဖျက်ဆီးပစ်ခဲ့တာ"

ထိုနေ့က သူတို့ကြည့်နေသည့်နေရာသည် ပွဲကြည့်စင်အပေါ်ထပ်နှင့်သိပ်မဝေးသောကြောင့် သေချာသုံးသပ်နိုင်ပြီး ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကိုရှင်းလင်းစွာသက်သေခံနိုင်သူများဖြစ်ခဲ့ကြသည်။

ဘီးတပ်ကုလားထိုင်ပေါ်တွင်ထိုင်နေပြီးဖြူရော်နေသည့်မျက်နှာဖြင့် သားမွှေးခြုံထည်ဝတ်ထားသောသိုင်းသမားသည် လေးလံလွန်းသောဓားကြီးကိုဝှေ့ယမ်းရန် သူ၏လက်ကိုမြှောက်လိုက်သည်။ ညင်ညင်သာသာဝှေ့ယမ်းလိုက်ခြင်းဖြစ်သော်ငြား မြောက်ပိုင်းတောင်ထွတ်ကိုအစိတ်စိတ်အမြွှာမြွှာပေါက်ကွဲသွားစေခဲ့သည်။

အဆိုပါ မတော်တဆမှုပြီးနောက် သတင်းပျံ့သွားသည့်တိုင် မည်သူကမှသိုင်းသမား၏အကြောင်းကိုမသိကြချေ။ အနှီသူသည် အထက်ကိုးဘုံအဆင့်ရှိ မသေမျိုးဖြစ်မည်ဟု ကောလဟလများရှိခဲ့သည်။ သေချာသည်မှာ ကောလဟလများသည် မယုံကြည်ရပေ။ သို့တစေ မသေမျိုးအစစ်အမှန်များကလည်း ထိုလူအတိုင်းပင်ဖြစ်နိုင်၏။ ကျို့ယွမ်ပိုင်က သူ့အတွေးနှင့်သူနစ်မျောနေမိသည်။

ထျန်းယွမ်မှာလည်း ငြိမ်နေပြီး ကျို့ယွမ်ပိုင်ကဲ့သို့ ထိုနေ့ကအကြောင်းများကိုပြန်တွေးနေမိသည်။

မနက်ဖြန် ခွန်းလွန်တောင်တွင်သိုင်းပြိုင်ပွဲကျင်းပတော့မည်ဖြစ်သည်။ လင်းရုဖေးမှာစိတ်ပူပန်ခြင်းအလျင်းမရှိဘဲ သူ့အတွက်  သာမန်နေ့ရက်များအတိုင်းပင် ဖြတ်သန်းနေလိုက်သည်။

ဆောင်းနှင်းဓါးထက်ချယ်ရီဝေWhere stories live. Discover now