ဆောင်းနှင်းဓါးထက်ချယ်ရီဝေ

533 65 0
                                    

Chapter 63
Imperial MeowJuly 15, 2023
Chapter 63





လင်းရု​ဖေးနှင့် ဆယ်ကျော်သက်​​ကောင်​လေးတို့ စကားပြောပြီးနောက် သူတို့နှစ်​ယောက် အခြားသူများမရှိသည့် သီးသန့်နေရာသို့ လျှောက်သွားသည်အထိ ကုရွှမ်းတုက မည်သည်ကိုမျှ မပြောခဲ့ပေ။

လင်းရု​ဖေးက သူ့ကိုကြည့်ရန် ခေါင်းလှည့်လိုက်ပြီး ပြုံးကာ ​မေးလိုက်၏။

"ဘာလို့ ဘာမှ မပြောတာလဲ"

ကုရွှမ်းတုက အပြစ်ကင်းဟန်ဆောင်လိုက်ပြီး "ဘာပြောရမှာလဲ"

"ဒီဆယ်ကျော်သက်​လေးက လူလိမ်​လေးဆိုတာ သိသာတယ်​လေ မင်း ဘာလို့ ဘာမှမပြောတာလဲ"

လင်းရု​ဖေးက ရယ်မောလိုက်သည်။ သူ့စကားသည် အပြစ်တင်ခြင်းမရှိသလို သိချင်ရုံမျှသာဖြစ်သည်။ ကုရွှမ်းတုက သူနှင့်မတူ​ပေ၊ ဤမျှသေးငယ်သောလှည့်ကွက်​လေးကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သေချာပေါက်မြင်ပေလိမ့်မည်။

ကုရွှမ်းတု : "မင်းက ​ပျော်စရာရှာနေတာ​လေ ဒါ​ကြောင့် မင်းရဲ့ အပျော်တွေကို ကိုယ်က ဘာလို့ ဖျက်ဆီးပစ်ရမှာလဲ"

ထို့အပြင် ထိုအချိန်က လင်းရု​ဖေး၏အမူအရာသည် တစ်စုံတစ်ခုကို သိသိသာသာ သတိပြုမိပြီးဖြစ်ကြောင်း ​ဖော်ပြနေခဲ့သည်။

"ဒီဆယ်ကျော်သက်​ကောင်​လေးက တော်တော်စိတ်ဝင်စားဖို့ကောင်းပေမယ့် သူ့လှည့်ကွက်က နည်းနည်းတော့ ခေတ်နောက်ကျနေတာက သနားစရာပဲ"

လင်းရု​ဖေးက လမ်းလျှောက်ရင်း ​ပြောလိုက်သည်။

“အဲဒါက စာအုပ်​တွေထဲက အ​ကြောင်းအရာတွေနဲ့ အတူတူပဲ”

သူ ခဏမျှစဉ်းစားပြီး​နောက် လေးလေးနက်နက် ပြောလိုက်သည်။

“ကျွန်တော်က သူ့ထက် ပိုကောင်းအောင် လုပ်ပြနိုင်မယ်ထင်တယ်"

ကုရွှမ်းတုက ရယ်လိုက်ပြီး "ဒါဆို မင်းအချိန်ရရင် ကြိုးစားကြည့်မလား"

လင်းရု​ဖေးက ကြိုးစားကြည့်ရန် စိတ်အားထက်သန်နေပုံရသည်။

ဆောင်းနှင်းဓါးထက်ချယ်ရီဝေDonde viven las historias. Descúbrelo ahora