Chapter 118
Imperial MeowAugust 03, 2023
Chapter 118တတိယမင်းသမီး၏မျက်လုံးများက လင်းရုဖေးအပေါ်ရောက်လာသည်။ သူမအနေဖြင့်သူ့အား တစ်ကြိမ်မြင်ခဲ့ဖူးသည့်တိုင် ထိုစဉ်ကသူမသည်သူမအဖေ၏လက်ပေါ်တွင်ငိုယိုရင်းအလုပ်များနေခဲ့၍ ဤသခင်လေးအားအသေအချာကြည့်ရန်အချိန်မရခဲ့ပေ။ သူမအတွက် အဆိုပါလင်းမိသားစု၏သခင်လေးထံ၌ လှပသည့်အသားအရေအမှန်တကယ်ရှိနေသည်ဟုဆိုရနိုင်သည်။ ထိုသူသည် သာမန်လူများထက်စာလျှင်ပို၍ချုချာနေလင့်ကစား ထိုချုချာနေမှုက တနည်းအားဖြင့် သူ၏စိတ်နေစိတ်ထားအပေါ် ဆွဲဆောင်မှုပိုစေသည်။
တတိယမင်းသမီးကပြုံးပြီး : "သခင်လေးလင်းက တကယ်ကြည့်ကောင်းတာပဲ"
လင်းရုဖေးကယဉ်ကျေးစွာဖြင့် "မင်းသမီးလေးကကြင်နာတတ်လွန်းတာပါ"
တတိယမင်းသမီးကပြုံးလိုက်ပြီး ထိုအကြောင်းကိုထပ်မပြောတော့ပေ။ သူမသည်အလျင်စလိုဖြင့် ရွှမ်းချင်ထံအကြည့်ပြန်လွှဲလိုက်ပြီးဖြည်းဖြည်းချင်းပြောသည်။
"အရှင်ရွှမ်းချင် အချိန်တွေကုန်တာမြန်တယ်နော် ကျွန်မမှတ်မိသေးတယ် ကျွန်မတို့နောက်ဆုံးတွေ့ခဲ့တုန်းက ကျွန်မအသက်ကဆယ်နှစ်လေးပဲရှိသေးတယ် မျက်စိတမှိတ်အတွင်း ကျွန်မလက်ထပ်ရမယ့်အရွယ်တောင်ရောက်သွားပြီ အချိန်တွေကုန်တာတကယ်ကိုမြန်တယ်"
"ဟုတ်ပါတယ်"
ရွှမ်းချင်သည် မျက်ခွံတဝက်မှေးကာဖြင့်ဆိုပြီး အမူအရာမှာလည်းပျော့ပျောင်းနေသည်။
"တကယ်ကိုမြန်တာပါပဲ"
တတိယမင်းသမီးသုံးကနှုတ်ခမ်းဆူကာ : "ဒါဆိုဘာလို့အရှင်ရွှမ်းချင်က ကျွန်မကို မကြာမကြာလာမတွေ့တာလဲ အရှင်မရှိတော့ ကျွန်မကိုနန်းတော်ထဲကလူတွေကအမြဲနှိပ်စက်ကြတော့တာပဲ"
ရွှမ်းချင် : "တတိယမင်းသမီးကို ဘယ်သူကများနှိပ်စက်ရဲမှာလဲ"
တတိယမင်းသမီး : "ဘယ်သူလဲဆိုတော့ ကျွန်မသာတကယ်လိုက်ရေရရင် လုပ်ရဲတဲ့သူအများကြီးပဲ"
ရွှမ်းချင်ကပြုံးကာ ကူကယ်ရာမဲ့စွာဖြင့်ခေါင်းယမ်းလေ၏။
YOU ARE READING
ဆောင်းနှင်းဓါးထက်ချယ်ရီဝေ
Non-Fiction💥New BL Coming Soon Title- Cherry Blossoms Upon a Wintry Sword Type - Web Novel(CN) Genre - Adventure, Comedy, Shounen Ai ,Xuanhuan Yaoi Author - XĪ Zîxù E-Translator - N/A Year -2019 Status- 92 +7 (extras) MM Translator - IQ Team ဆောင်းနှင်းဓားထ...