ဆောင်းနှင်းဓါးထက်ချယ်ရီဝေ

580 81 0
                                    

Chapter 32

ရှဲ့ဝမ်လင်

လင်းရုဖေးကလည်း ထိုအချက်ကို ရိပ်စားမိသည်။ ဤစံအိမ်အတွင်း သူ့အား တိုက်ခိုက်လိုသူများကို လက်တစ်ဖက်တည်းဖြင့် ရေတွက်နိုင်သည်။  အနည်းငယ် စဉ်းစားကြည့်ပြီးနောက် သူသည် မည်သူလုပ်ခဲ့သည်ကို အလွယ်တကူ ခန့်မှန်းနိုင်၏။

သို့သော် မည်သူ လုပ်ကြံခဲ့သည်ကို သူ မှန်းဆပြီးသည့်တိုင်အောင် အဘယ်ကြောင့် ထိုသို့ လုပ်ခဲ့မှန်းကို သူ နားမလည်နိုင်ပေ။ မည်သို့ပင်ဆိုစေ လင်းမိသားစုနှင့် ရှဲ့မိသားစုမှာ မိတ်ဆွေဟောင်းများအဖြစ် သတ်မှတ်နိုင်ဆဲ ဖြစ်သည်။ ထိုသူ စတင် လှုပ်ရှားလိုက်သည်နှင့် လင်းမိသားစုအား စစ်ကြေညာလိုက်သကဲ့သို့ပင် ဖြစ်နေသည်။

"ပြောကြည့် ရှဲ့ကျစ်ယောင် အနိုင်ရမယ်လို့ ခင်ဗျားထင်လား" 

လင်းရုဖေးက ရုတ်တရက် မေးလိုက်သည်။

"အနိုင်ရမှာလားဆိုတော့..."

ကုရွှမ်းတုသည် ထိုစကားလုံးကို တခဏကြာသည်အထိ ပြန်လည်ရေရွတ်နေပြီးမှ လေးနက်စွာဖြင့် ပြောလိုက်သည်။

“အဲဒီဓားကို ဆက်ပြီး အသုံးပြုနေသရွေ့တော့ သူ သေချာပေါက် အနိုင်ရပါလိမ့်မယ်”

"ခင်ဗျား ဘယ်လိုလုပ်ပြီး ပြောနိုင်တာလဲ" 

လင်းရုဖေးက နားမလည်ချေ။

ကုရွှမ်းတုသည် စကားဆက်မပြောတော့ဘဲ အဓိပ္ပါယ်ပါသော အပြုံးမျိုးဖြင့်သာ ပြုံးနေ၏။

လင်းရုဖေးက သူ၏အပြုံးကြောင့် ပဟေဠိဖြစ်သွားကာ "ခင်ဗျား ဘာပြုံးနေတာလဲ"

ကုရွှမ်းတုက ဆိုသည်။

"ကိုယ်ကဗျာတစ်ပုဒ်ကို သတိရမိလို့ပါ"

လင်းရုဖေးက မေးလိုက်သည်။

"ဘာကဗျာများလဲ"

ကုရွှမ်းတုက ဆိုသည်။

"အခုတော့ ငါက စီးတော်မြင်းကို

လည်ဆံအရောင်ကိုကြည့်ပြီး

အားကိုးမှု ပြုတယ်......"

လင်းရုဖေးက နောက်စာကြောင်းကို ရေရွတ်လိုက်၏။

“နားရွက်စိမ်းနှင့်မြင်းက

ဆောင်းနှင်းဓါးထက်ချယ်ရီဝေOpowieści tętniące życiem. Odkryj je teraz