ဆောင်းနှင်းဓါးထက်ချယ်ရီဝေ

376 57 1
                                    

Chapter 108
Imperial MeowAugust 02, 2023
Chapter 108

တွေဝေမိန်းမောဖွယ်ရာည...။

-------------



ထိုနည်းအတိုင်း ပိုင်ထျန်း​ရွေ့သည် ရွှမ်ချင်းနှင့် လင်းရု​ဖေးကို တစ်ရက်လုံး နန်းတော်တဝိုက် ခေါ်​ဆောင်သွားခဲ့သည်။ တည်းခိုခန်းသို့ မပြန်မီ သူတို့သည် ပိုင်ကျင့်လွင်နှင့် အတူ ညစာစားခဲ့ကြသည်။

အပြန်လမ်းတွင် ရွှမ်ချင်းသည် ရထားပေါ်တွင် မျက်စိမှိတ်ပြီး ထိုင်နေလေသည်။ သူ တစ်ခုခုကို တွေးနေပုံရသဖြင့် လင်းရု​ဖေးက သူ့ကို မနှောင့်ယှက်ဝံ့ပေ။ ထိုအစား ရထားကန့်လန့်ကာကို မ,တင်လိုက်ပြီး အပြင်ဘက် ညရှုခင်းများကိုသာ ငေးကြည့်နေလိုက်သည်။

ညမထွက်ရအမိန့်ကြောင့် တန့်ရှောင်မြို့၏ မူလအစက အသက်ဝင်သောညမြင်ကွင်းသည် ပျောက်ကွယ်သွားခဲ့သည်။ လမ်းမများပေါ်တွင် ပိတ်ထား​သောဈေးဆိုင်များ တန်းစီနေပြီး လာရောက်ကြည့်ရှုသူများလည်း မရှိပေ။ လေးလံ​သောသံချပ်ကာများ၊ ခက်ထန်သောမျက်နှာထားများနှင့် သပ်ရပ်ပြီး တူညီဝတ်စုံများဝတ်ဆင်ထားသည့် အ​နောက်မှအ​ရှေ့ အလှည့်ကျကင်းလှည့်​နေ​သော အစောင့်အကြပ်များကိုသာ ရံဖန်ရံခါ သူမြင်နေရသည်။ ပြန်သွားသည့်အခါတွင်လည်း ရထားကို အစောင့်များက အကြိမ်ကြိမ် ရပ်တန့်စစ်ဆေးကြသည်။ ရထား​မောင်းသမားတွင် နန်းတော်အမှတ်အသားပါရှိသည်ကို မြင်ပြီးမှသာလျှင် သွားခွင့်​ပေးခဲ့သည်။

သူတို့ တည်းခိုခန်းသို့ရောက်သောအခါ ရွှမ်ချင်းနှင့် လင်းရု​ဖေးတို့သည် တစ်​ယောက်ကိုတစ်​ယောက် နှုတ်ဆက်ကြပြီး အနားယူရန် အခန်းများသို့ ပြန်သွားလိုက်ကြ၏။

ယခုကဲ့သို့ပူပြင်းသည့်ရာသီဥတုတွင် လင်းရု​ဖေးသည် တစ်နေကုန်အပြင်၌ လမ်းလျှောက်​နေရသဖြင့် အနည်းငယ်ပင်ပန်း​နေ​သောကြောင့် ဖူဟွားနှင့် ယွီ​ရွေ့တို့သည် ကျိုထား​သောဆေးနှင့် အ​အေးခံထား​သော ​ကျောက်ပွင့်စွပ်ပြုတ်ကို ယူ​ဆောင်လာခဲ့ပြီး ​သောက်သုံးရန် လင်းရု​ဖေးကို တိုက်တွန်းကြသည်။

လင်ရုဖေးသည် ဆေးကိုမြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။ သူက အအေးမိခြင်းမှ ပြန်လည်သက်သာလာပြီ ဖြစ်​ပြီး ဘာ​ကြောင့် ဆေးသောက်ဖို့ လိုသေးလဲဟု ​​ပြောလိုက်သည်။

ဆောင်းနှင်းဓါးထက်ချယ်ရီဝေWhere stories live. Discover now