ဆောင်းနှင်းဓါးထက်ချယ်ရီဝေ

873 113 5
                                    

Chapter 15

ချုံဟွားအမိန့်တော်

ဤတစ်ကြိမ်တွင် သူ့ဓားကို ပိတ်ဆို့လိုက်သည်က လင်းရုဖေး၏လက်ဖြစ်သည်။  သူသာ ဤစွဲလမ်းမှုကိုဆုပ်ကိုင်၍ မရမကတားဆီးပိတ်ပင်နေဦးမည်ဆိုလျှင် နောက်တစ်ကြိမ် ဓားလွှဲယမ်းလိုက်သည့်အခါ ထိုဓားသွားက လင်းရုဖေးရဲ့လည်ပင်းကိုဖြတ်ပိုင်းသွားနိုင်ပေ၏။

ဤသည်က လင်းရုဖေးရဲ့ ကံကြမ္မာဖြစ်ပြီး ယင်းကိုပြောင်းလဲဖို့ရာအတွက် သူ့တွင်ခွန်အားအလုံအလောက်မရှိချေ။

လင်းရုဖေး၏လက်မှ ဒဏ်ရာက သွေးနည်းနည်းထွက်နေသည်။ သူ့မျက်ခုံးတွေက ပင်ပန်းမှုကြောင့် တွန့်ချိုးနေခဲ့ပြီး သူ့ရဲ့ ဒုတိယအစ်ကိုဖြစ်သူကို စကားလုံးနည်းနည်းလောက်ထပ်ပြော၍ နှစ်သိမ့်နိုင်ရန် ကြိုးစားချင်မိသည်။ သို့ပေမယ့် သူသည် ပြုံးရုံသာပြုံးလိုက်နိုင်ပြီး မည်သည့်စကားမှမဆိုမိတော့ချေ။ ဘာကြောင့်ဆို တချို့စကားလုံးတွေက ရေပုံးထဲမှ ရေစက်လေးများသာဖြစ်ကြောင်း နားလည်သိရှိသွားသဖြင့် သူက ကျိုးနွံမှုအပြည့်ဖြင့် ပါးစပ်သာပိတ်နေလိုက်ရသည်။

[ T/N - ပြောချင်တာက ရေပုံးထဲကရေကိုပိုအကျိုးသက်ရောက်စေဖို့ဆိုရင် ရေခွက်နဲ့တစ်ခွက်၊နှစ်ခွက်အဲ့လိုထည့်မှပိုထိရောက်တာမလား တစ်စက်၊နှစ်စက်လောက်နဲ့ကဘာအကျိုးသက်ရောက်မှုမှမရှိဘူးလေ အဲ့ဒီလိုပဲ အခုလောလောဆယ် ညီအပူမိနေတဲ့ Broconကြီး အတွက် လောလောဆယ်ဘယ်နှစ်သိမ့်စကားကမှအရာမ၀င်ဘူးလို့ပြောချင်တာပါ ]

“မင်းအရင်ဆုံးအနားယူလိုက်ဦး” လင်းပျန့်ယွီက ထရပ်လိုက်ပြီး  “ငါမနက်ဖြန်ကျရင် အစ်ကိုကြီးနဲ့အတူတူ မင်းကို လာကြည့်မယ်”

လင်းရုဖေးက ခေါင်းညိတ်ပြလိုက်ပြီး လင်းပျန့်ယွီထွက်သွားသည်အထိ ကြည့်နေမိသည်။

လင်းပျန့်ယွီက တံခါးပေါက်ကိုဖြတ်ကျော်ပြီးနောက် ချက်ချင်း မထွက်ခွာသေးပေ။ ထို့အစား ခြံဝင်းထဲမှာရပ်ပြီး လင်းရုဖေး၏အခန်းထဲက မီးမှိတ်သွားသည်အထိ ချယ်ရီပင်ကြီးကို အကြာကြီးစိုက်ကြည့်နေလိုက်သည်။

ဆောင်းနှင်းဓါးထက်ချယ်ရီဝေTempat cerita menjadi hidup. Temukan sekarang