Chapter 112
Imperial MeowAugust 03, 2023
Chapter 112မင်းသမီးလေး၏အရေးကိစ္စ
-------------------
သူသည် ငါးစာဖြစ်ရမည်ဖြစ်သောကြောင့် သဘာဝအတိုင်း ထိုအရာအား ဆွဲဆောင်ရန် လွယ်ကူသောနေရာတွင် ရှိနေသင့်ပေသည်။
ထိုည၌ ရွှမ်ချင်းနှင့် ပိုင်ထျန်းရွေ့ဘက်တွင် သူတို့သည် တစ်ယောက်ကိုတစ်ယောက် နှုတ်ခွန်းဆက်သပြီး လင်းရုဖေးအား နန်းတော်ထဲမှ လှိုက်လှဲစွာကြိုဆိုကြသည်။ ဖူဟွားနှင့် ယွီရွေ့တို့သည် အမှန်တကယ်ဖြစ်ပျက်နေသည်များကို မသိသောကြောင့် အနည်းငယ် စိတ်ပူသွားကြသည်။ နောက်ဆုံးတွင် သူမတို့ တုံ့ဆိုင်းစွာသဘောတူခြင်းမပြုမီအထိ လင်းရုဖေးသည် အချိန်အတော်ကြာအောင် အာမခံ၍နားချပြောဆိုပေးခဲ့ရသည်။ ရထားဖြင့် နန်းတော်ထဲသို့ စီး၀င်လာပြီးနောက် နောက်ဆုံးတွင် လင်းရုဖေးသည် ညအချိန်အတွင်း နန်းတော်အတွက် မျက်မြင်သက်သေဖြစ်လာပေသည်။
ရှုခင်းသည် နေ့ခင်းဘက်နှင့် ယှဉ်ရင် အနည်းငယ် ကွာခြားပေသည်။ ဟင်္သာပြဒါးနီစောင် အမိုး၏တံစက်မြိတ်အောက်တွင် နေရာတိုင်း၌ ကြီးမားပြီးအနီရောင်ရှိသည့် နန်းတော်၏မီးအိမ်ကြီးများ ချိတ်ဆွဲထားသည်။ လမ်းဘေးတစ်လျှောက် ဖြည်းညှင်းစွာ တန်းစီပြီးလမ်းလျှောက်နေကြသော နန်းတော်၏အစေခံများ သို့မဟုတ် အစောင့်များ ရှိသော်လည်း လင်းရုဖေး စိတ်ကူးထားသလောက် တိတ်ဆိတ်ခြင်းမျိုးမရှိပေ။
စိတ်ထဲ၌ သံသယဖြစ်စရာ ပစ်မှတ်တစ်ခုရှိနေပြီး လင်းရုဖေးသည် ငါးစာဖြစ်သောကြောင့် သဘာဝအတိုင်း သူနေနေသည့်နေရာသည် ပစ်မှတ်နှင့် နီးကပ်လေလေ ပိုကောင်းလေဖြစ်သည်။ ဤကဲ့သို့သောအတွေးဖြင့် လင်းရုဖေး အနားယူသည့်အခန်းကို တတိယမင်းသမီး၏ဘေးအခန်းတွင် စီစဉ်ပေးကြသည်။ အခန်းထဲတွင်ရှိနေသော လင်းရုဖေးသည် ယခုကိစ္စကို ပိုင်ကျင့်လွင် သိလားဟု မေးလိုက်သော်လည်း ရွှမ်ချင်းက ခေါင်းခါပြီး ငြင်းပယ်လိုက်သည်။
“အင်း သူမသိဘူးလို့တော့ မပြောနိုင်ဘူး"
ရွှမ်ချင်းက ပြုံးပြီး ရှင်းပြသည်။
![](https://img.wattpad.com/cover/343576080-288-k91129.jpg)
CZYTASZ
ဆောင်းနှင်းဓါးထက်ချယ်ရီဝေ
Literatura Faktu💥New BL Coming Soon Title- Cherry Blossoms Upon a Wintry Sword Type - Web Novel(CN) Genre - Adventure, Comedy, Shounen Ai ,Xuanhuan Yaoi Author - XĪ Zîxù E-Translator - N/A Year -2019 Status- 92 +7 (extras) MM Translator - IQ Team ဆောင်းနှင်းဓားထ...