ဆောင်းနှင်းဓါးထက်ချယ်ရီဝေ

1K 118 0
                                    

Chapter 4

ခွန်းလွန်တောင်၏ တံခါးဂိတ်အပြင်ကနေ တောင်ခြေအထိ နေရာတိုင်းကို ခရီးသွားလည်ပတ်သူတွေနှင့် ဈေးသည်တွေဖြင့် ပြည့်ကျပ်သိပ်နေသည်။

သို့ပေမယ့် ယနေ့ ရာသီဥတုက သိပ်အဆင်မပြေသည့်အတွက် လူအရမ်းမများပါချေ။ မည်သို့ပင်ဆိုစေကာမူ၊ ဤအခြေအနေက လင်းရုဖေးအတွက် တက်ကြွဖို့လုံလောက်တာထက်ပိုနေပြီဖြစ်၏။

လင်းရုဖေးသည် တောင်ခြေသို့လျှောက်နေရင်း ပတ်၀န်းကျင်တစ်ခွင်ရှိ ရှုမျှော်ခင်းတွေကိုကြည့်နေမိသည်။

အုံ့မှိုင်းနေသည့်ရာသီဥတု​က သူ့စိတ်ခံစားချက်ကို မထိခိုက်စေနိုင်ဘဲ၊ ဆန့်ကျင်ဘက်အားဖြင့် ပိုသာ၍ပင်ကောင်းနေပုံရသည်။ သူတို့မြို့ထဲသို့ရောက်သည့်အခါ ချယ်ရီပန်းပင်များရှိရာနေရာနှင့် သိပ်မဝေးတော့ပေ။

လင်းရုဖေးက ရပ်လိုက်ပြီး မြို့ရဲ့အစွန်းတစ်ဖက်နေရာသို့ညွှန်ပြ၍ဆိုလိုက်၏။

"ဖူဟွား ဆန်ကိတ်ဖြူမုန့်စားချင်တယ်"

ဖူဟွား : "ဒါဆို သခင်လေး ကျွန်မကို ဒီမှာခဏလောက်စောင့်ပေးနော် ကျွန်မအခုချက်ချင်းသွားဝယ်လိုက်မယ်"

လင်းရုဖေး : "မင်းအဲ့ဒါသွား၀ယ်လိုက် ငါသွားစရာရှိတဲ့နေရာအရင်သွားနှင့်မယ် မင်းဝယ်ပြီးရင် ငါ့နောက်ကလိုက်ခဲ့"

ဖူဟွားက ထီးကို လင်းရုဖေးထံ ကမ်းပေးပြီးနောက် မျက်မှောင်ကြုတ်၍ သတိပေးစကားကိုထပ်ဆိုလိုက်သည်။

"သခင်လေး ကျေးဇူးပြုပြီး ထီးကိုဆောင်းဖြစ်အောင်ဆောင်းနော် အအေးမမိအောင် သေချာလေးဂရုစိုက်မှရမယ်နော်"

လင်းရုဖေးက ဘာမှစကားမပြန်ဆိုတော့ဘဲ ထီးကို လှမ်းယူလိုက်သည်။ သူက ဖူဟွားကို အမြန်သွားစရာရှိတာသွားဟူသည့် သဏ္ဏာန်ဖြင့် မေးငေါ့ပြလိုက်သည်။ ဖူဟွားသည် ချက်ချင်းပင်လှည့်ထွက်ပြီးနောက် သူမ၏ ခြေချောင်းများကို လေထဲတွင်အသာတော့လိုက်ပြီးနောက် လျင်မြန်ဖျက်လတ်သည့် ပျံလွှားငှက်တစ်ကောင်ကဲ့သို့​ထွက်သွားတော့သည်။ မျက်စိတစ်မှိတ်တွင်ပင် သူမက လမ်းအဆုံးမှ ပျောက်သွားတော့၏။

ဆောင်းနှင်းဓါးထက်ချယ်ရီဝေTempat cerita menjadi hidup. Temukan sekarang