chapter 146

348 47 0
                                    

Chapter 146
Imperial MeowAugust 16, 2023
Chapter 146

ကျောင်း ပင်လယ်ထဲသို့ဝင်​ရောက်ခြင်း

───────

ရှဲကျင်းရှန့် သည် လင်းရုဖေးကို လေးလေးနက်နက် ကြည့်လိုက်ပြီးနောက် စကားသုံးလုံးကို ခပ်မြန်မြန်ပြောလိုက်သည်။

"ရုပ်ချောလို့"

လင်းရုဖေး : "... ..."

သူသည် လူတွေ၏အပေါ်ယံဆန်လွန်းသောသဘောထားကို ကြည့်ကာ အံ့သြသွားရပြီး ဘာမှကိုမပြောနိုင်တော့ပေ။

"သူသာ ငါးဝိညာဥ်တစ်ကောင်ဖြစ်ခဲ့ရင် မင်းမှာ ဒီလိုမျိုးခံစားချက်​တွေ ​ပြောင်းလဲလာမှာလား"

လင်းရုဖေးသည် အဖြေရှင်းရှင်းလင်းလင်းရှိနေသော မေးခွန်းတစ်ခုကို မေးလိုက်သည်။

ရှဲကျင်းရှန့်သည် ခဏလောက်စဉ်းစားပြီး "လင်းကုန်းဇီ​ရော ငါးဝိညာဥ်ကို မြည်းကြည့်ချင်လို့လား"

လင်းရုဖေး : "... ..."

ရှဲကျင်းရှန့် : "အဲဒီငါးက တကယ် အရသာရှိတယ်"

လင်းရု​ဖေးသည် သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်ပြီး သူ့ကို လက်​​မြှောက်အရှုံး​ပေးလိုက်​တော့သည်။

ထို့နောက် ရှဲကျင်းရှန့်သည် သူနှင့် ထျန်းရွှေတို့ကြားတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဆက်လက်ပြောပြသည်။ ထျန်းရွှေ ဒဏ်ရာမှပြန်လည်သက်သာလာပြီးနောက် ပင်လယ်ထဲသို့သာ ဆက်လက်ဝင်ရောက်လိုပြီး ပင်လယ်ထဲသို့ဝင်ပြီးနောက် ထျန်းရွှေသည် ကျောင်းအဖြစ်မှ နဂါးအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်းကို သိလိုက်ရသည်။ ပင်လယ်ရေသည် ကျောင်းကို ထောင်ချောက်ဆင်နိုင်သော်လည်း နဂါးကို​တော့ ​ထောင်​ချောက်မဆင်နိုင်​ကြောင်း ရှဲကျင်းရှန့်သိသည်။ နဂါးဖြစ်လာသောထျန်းရွှေသည် ယောင်ကွမ်း မှ အနှေးနှင့်အမြန်ဆိုသလို ထွက်ခွာသွားလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦးသည် အငြင်းပွားခဲ့ကြပြီး ထျန်းရွှေသည် ရှဲကျင်းရှန့်အား မရည်ရွယ်ဘဲ ဒဏ်ရာရသွားစေခဲ့သည်။ ထို့နောက် ရှဲမိသားစုဝင်များ ရောက်လာခဲ့ပြီး ရှဲကျင်းရှန့်ကို အိမ်တွင် ပြန်လည်သက်သာလာစေရန် ပြုလုပ်ပေးနေသည့်အချိန်မှာပင် ထျန်းရွှေသည် အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။ သူ ဒဏ်ရာ အပြင်းအထန်မရရှိခဲ့​သော်လည်း ထျန်းရွှေ စိတ်ပူစေရန်အတွက် သူ သေလုမျောပါးဖြစ်​နေသကဲ့သို့ ရည်ရွယ်ချက်ရှိရှိတမင်ဟန်ဆောင်ခဲ့သည်။ သို့ရာတွင် လူသား၏အကြံအစည်သည် ဘုရားသခင်၏အကြံအစည်ကဲ့သို့ မကောင်းမွန်လှပေ။ ထျန်းရွှေသည် ရှဲကျင်းရှန့်ကို အမှန်တကယ်ပင် စိုးရိမ်နေသော်လည်း ရှဲယိကျစ်သည် ရုတ်တရက် ကြမ်းကြမ်းတမ်းတမ်း ပြင်းထန်စွာပြုမူလိုက်ကာ ထျန်းရွှေကို သတ်လုနီးပါးဖြစ်သွားခဲ့သည်။

ဆောင်းနှင်းဓါးထက်ချယ်ရီဝေWhere stories live. Discover now