chapter 162

277 42 0
                                    

Chapter 162
Imperial MeowAugust 24, 2023
Chapter 162

စုန်းမျိုးနွယ်၀င်များ





“ခင်ဗျားသာ ဝူမင်နေရာမှာထားတဲ့ တစ်ခုခုကိုရှာချင်ရင် သူ့ကို နှောင့်ယှက်ရလိမ့်မယ်"

ဝူရှင်းက ဆက်ပြောလာသည်။



" သူက သဘောကောင်းပြီးတော့ ဝူမင်နောက်လိုက်လေ..သူ့ဆီသွားလိုက်ရင် အဲ့ဒီအကြောင်း မေးလို့ရတယ်"

လင်းရုဖေး "အများကြီးကျေးဇူးတင်ပါတယ်"

ဝူရှင်းက ပြန်ဖြေသည်။ "ကြိုဆိုလျက်ပါဗျာ"

လင်းရုဖေးထက်၍မေးလိုက်သည်။

"ဒီတောင်မြူခိုးတွေက ဘယ်အချိန်ကျမှ ပျောက်သွားမှာလဲ"

“ကျွန်တော်မသိဘူး"

ဝူရှင်းက အမှန်အတိုင်းသာဆိုလိုက်သည်။

"ချောက်ထဲမှာဆို တောင်မြူခိုးတွေရှိနေတာ ပုံမှန်ပဲလေ နေသားကျနေပြီ..မြူခိုးတွေက ခုနစ်ရက်ရှစ်ရက်ရှိနေရင်တောင် ကျွန်နော်တို့အတွက် ပြဿနာအကြီးကြီးမရှိဘူး..ဒါပေမယ့် ခင်ဗျားတို့လို တခြားမြို့ကလူတွေအတွက်တော့ သေချာပေါက် လမ်းပျောက်သွားဖို့က လွယ်လွယ်လေး..ဘာပဲနေနေ ကျွန်တော်နဲ့ဆုံမိတာ ကံကောင်းတာပဲ..ကျွန်တော်လမ်းပြပေးလို့ရတယ်"

သူသည်လည်း စကားများသည့်သူဖြစ်၍ ရထားလုံးထဲတွင်လှဲနေသော သူ့ကြောင့်ကြောက်လန့်နေရှာသည့် မိန်းမငယ်လေးများအား တွေးမိကာ မနှောင့်ယှက်တော့ချေ။ 

သူတို့က မိုးသောက်ချိန်အထိ စကားပြောနေကြ၍ ဝူရှင်းသည်လည်း အနည်းငယ်အိပ်ချင်လာရသည်။သူက ​ချေးများသည့်သူမဟုတ်၍ လင်းရုဖေးဘေးတွင်လှဲလိုက်ပြီး မျက်လုံးများပိတ်ကာ အိပ်ပျော်သွားလေ၏။လင်းရုဖေးက သူ၏မခုခံနိုင်တော့သည့် ပုံစံလေးအား​ကြည့်၍အော်ရယ်ချင်လာရသည်။ သူက စုန်းမျိုးနွယ်စုရှိလူများက လူများကလွတ်လပ်ကာ အကာအကွယ်များမထားရှိတတ်ကြောင်းပြောလိုက်၏။

“အသက်ရှင်နေတဲ့ ပတ်ဝန်းကျင်က သန့်စင်တော့ လူတွေက ပိုပြီးသန့်စင်တယ်လေ ဟုတ်တယ်နော်"

ဆောင်းနှင်းဓါးထက်ချယ်ရီဝေTempat cerita menjadi hidup. Temukan sekarang