Chapter 107
Imperial MeowAugust 02, 2023
Chapter 107တတိယမင်းသမီး ၂
-------------
ရွှမ်ချင်းသည် ဘေးအခန်းသို့ သွားပြီး ဒဏ်ရာရနေသော မင်းသားနှစ်ပါးကို ကြည့်လိုက်သည်။ သူတို့နေထိုင်ရာနေရာကိုလည်း အစောင့်အကြပ် ထူထပ်စွာ ချထားသော်လည်း နှစ်ယောက်လုံးသည် နိုးနေသေးသောကြောင့် အထဲတွင် ပိတ်လှောင်ခံထားရခြင်းကို အနည်းငယ် ငြီးငွေ့လာကြသည်။ သူတို့ ဝင်လာသောအခါ နှစ်ယောက်သားသည် မေးများကို ထောက်ကာ စစ်တုရင် ကစားနေကြသည်။
လင်းရုဖေးသည် စစ်တုရင်ခုံကို တစ်ချက်ကြည့်လိုက်သည်။ စစ်တုရင်ပုံစံသည် ရှုတ်ထွေးနေကာ စိတ်သောကရောက်စရာဖြစ်နေပြီး သူတို့နှစ်ယောက်စလုံး စိတ်အခြေအနေကောင်းပုံမပေါ်မှန်းကို ချက်ချင်းသိနိုင်၏။
သူတို့သည် သူတို့အဖေ ဝင်လာသည်ကိုမြင်သောအခါ တော်ဝင်မင်းသားများသည် ထကာ အရိုအသေပေးလိုက်ပြီး လင်းရုဖေးနှင့် ရွှမ်ချင်းကို စူးစမ်းသည့်မျက်လုံးများနှင့် ကြည့်လိုက်သည်။
ပိုင်ကျင့်လွင်သည်လည်း စိတ်အခြေအနေမကောင်းသလို ရှင်းပြရန်လည်း စိတ်မ၀င်စားပေ။ သူသည် ရိုးရိုးရှင်းရှင်းပင် သူ့လက်ကို ဝှေ့ယမ်းပြီး မင်းသားနှစ်ပါးကို စစ်ဆေးရန် ရွှမ်ချင်းကို ညွှန်ကြားလိုက်သည်။ ထို့နောက် ရွှမ်ချင်းသည် မင်းသားလေး၏ခန္ဓာကိုယ်ကို စစ်ဆေးရန် ရှေ့သို့လျှောက်သွားလိုက်သည်။
ဒုတိယမင်းသား၏လည်ပင်းဒဏ်ရာသည် မပျောက်သေးဘဲ လက်ဗွေရာအမာရွတ်နှစ်ခုကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။ လက်ဗွေရာအရွယ်အစားအရ အရွယ်ရောက်ပြီးသူများ၏လက်မဟုတ်ဘဲ ကလေးလက်ကအရွယ်ဟု ဖြစ်နိုင်ချေများသည်။ ဆဋ္ဌမမင်းသားလေးတွင် ဒဏ်ရာမရှိသော်လည်း ရွှမ်ချင်းက သူ့၏သွေးခုန်နှုန်းကို စမ်းသပ်လိုက်ချိန်တွင် ကြောက်ရွံ့လွန်းသောကြောင့် လည်ပင်းကို ကျုံ့ထားကာ မည်သည်ကိုမျှ မပြောဝံ့ပေ။
ရွှမ်ချင်းက မေးလိုက်သည်။
"ကျွန်တော် မှတ်မိတာမှန်တယ်ဆိုရင် မင်းသားနှစ်ပါးရဲ့ ကြင်ယာတော်မယ်တော်က အတူတူပဲမလား"
YOU ARE READING
ဆောင်းနှင်းဓါးထက်ချယ်ရီဝေ
Non-Fiction💥New BL Coming Soon Title- Cherry Blossoms Upon a Wintry Sword Type - Web Novel(CN) Genre - Adventure, Comedy, Shounen Ai ,Xuanhuan Yaoi Author - XĪ Zîxù E-Translator - N/A Year -2019 Status- 92 +7 (extras) MM Translator - IQ Team ဆောင်းနှင်းဓားထ...