chapter 193

115 10 0
                                    

Chapter 193
Imperial MeowAugust 30, 2023
Chapter 193

အချပ်ပို-၄။ တာ့ကျင့်ရှိ အတိတ်ကဖြစ်ရပ်အလီလီများ [၄]

____



“သူမ မရှိတော့ဘူး..သူမ မရှိတော့ဘူး"

ပိုင်ကျင့်လွင်က အပေါ်ဝတ်ရုံလွှာပင် မဝတ်ရသေးကာ ညအိပ်ဝတ်ရုံနှင့် ပြေးလာသဖြင့် သူ ပရမ်းပတာဖြစ်နေမှန်း အကြည့်လေးတစ်ချက်နှင့်ပင် ပြောနိုင်၏။ 

ရွှမ်ချင်းက ပိုင်ကျင့်လွင်ဆိုလိုသည့်အရာအား ချက်ချင်းနားလည်သွားရကာ မျက်မှောင်ကြုတ်လိုက်ပြီး:"မင်းရဲ့ အဲ့ဒီယုန်လေးလား"

“ဟုတ်တယ် မနေ့ညတုန်းကအထိ သူမက ကျွန်တော့်အိပ်ရာခေါင်းရင်းမှာ ကောင်းကောင်းအိပ်နေတုန်းပါ..ဒီနေ့ ကျွန်တော်ထလာတော့ သူမ မရှိတော့ဘူး"

ရွှမ်ချင်းက ဆိုလိုက်သည်။

"ကိုယ်တော်တစ်ချက်သွားစစ်ကြည့်ပေးမယ်"

ထိုသို့ပြောပြီးနောက် နှစ်ဦးသား ပိုင်ကျင့်လွင်အခန်းဆီ ဦးတည်သွားလေ၏။ရွှမ်ချင်းက နေရာအား သေချာစစ်ဆေးကြည့်ပြီးနောက် သူ မျက်မှောင်ကြုတ်လိုက်မိသည်။

ပိုင်ကျင့်လွင်က မေးလာသည်။

"ဆရာတော်ရွှမ်ချင်း...တစ်ယောက်ယောက်က လာပြီး သူမကို ခေါ်ထုတ်သွားတာလား"

ရွှမ်ချင်းက ခေါင်းခါပြလိုက်ကာ တွန့်ဆုတ်စွာဖြင့်ပြန်ဖြေလိုက်သည်။

"ဒီနေရာမှာ...အပြင်လူရဲ့အနံ့အသက်မရှိဘူး"

ပိုင်ကျင့်လွင်က အံ့သြသွားရကာ:"ဘယ်လို..တစ်ယောက်ယောက်က ခမည်းတော်ဆီက စကားရပြီး သူမကို ကျွန်တော်ဘယ်လောက်ကြိုက်မှန်းသိသွားတာ နေမှာ...ဒါကြောင့်လည်း...."

“မဟုတ်ဘူး...ဒီနေရာမှာ အပြင်လူရဲ့အငွေ့အသက်မရှိဘူး"

သို့သော်ငြား ရွှမ်ချင်းသည် ဖြစ်သွားသည့်အရာအား ပုံဖော်ကြည့်မိကာ သက်ပြင်းချလိုက်ပြီး "ကြည့်ရတာ သူမရဲ့ကိုယ်ပိုင်ဆန္ဒ​နဲ့ထွက်သွားတာ ဖြစ်နိုင်တယ်"

ပိုင်ကျင့်လွင်က တောင့်ခဲသွားလေ၏။

ရွှမ်ချင်းသည်လည်း ကူကယ်ရာမဲ့သွားမိသည်။

ဆောင်းနှင်းဓါးထက်ချယ်ရီဝေWhere stories live. Discover now