Chapter 123
Imperial MeowAugust 03, 2023
Chapter 123ရေနွေးအပူချိန် မတန်မဆမြင့်နေရန်မလိုအပ်ပေ။ အဆိုပါရေနွေးဖြည့်ထားသည့်ရေစည်ကို မကြာခင်အခန်းထဲသို့ယူလာကြသည်။ လင်းရုဖေးကခေါင်းငုံ့ကာ အတွင်းခံများချွတ်နေချိန်တွင် အပြင်မှကျယ်လောင်လှသည့်အသံကိုကြားလိုက်ရသည်။ တစ်ခုခုပျက်စီးသွားပုံရပြီး မြေကြီးကထိန်းမရအောင်တုန်ခါသွားလေသည်။
လင်းရုဖေးကမှင်သက်နေပြီးမှ သတိထားပြီးပြတင်းပေါက်အနားကပ်သွားလိုက်သည်။ သူကလိုက်ကာကို အပေါ်တင်ကြည့်လိုက်သည့်တိုင် အိမ်အပြင်တွင်ဖုန်လုံးကြီးသာမြင်နေရသည်။ အကြမ်းအရမ်းတိုက်ခိုက်သံများနှင့်နှစ်ဖက်အပြန်အလှန်ဆဲရေးနေသံများက ကောင်းကင်နှင့်ကမ္ဘာမြေတစ်ခွင် မကြားချင်မှတဆုံးပင်။ တစ်ခါတစ်ရံနီးလာပြီး တစ်ခါတစ်ရံဝေးကွာသွားသည်။ သို့သော် တစ်ခုချင်းစီတိုင်းတွင်ဆူညံသံများတွဲပါနေသည်။
"မေငိုး...ငါမင်းယောက်ဖကိုသေအောင်ရိုက်သတ်ပစ်မယ် မင်းအဘွား-င်ကိုပဲကုန်းလျက်နေလိုက်!"
မကြားဝံ့မနာသာဆဲရေးသံအတွဲလိုက်က ကောင်းကင်နှင့်ကမ္ဘာမြေကိုပင်တုန်လှုပ်သွားစေသည်။ ဓားများကထိခတ်သွားပြီးနောက် တချွင်ချွင်မြည်နေသည့်တိုင် နှစ်ဖက်စလုံးကစကားနှင့်တိုက်ခိုက်ရန်လည်းမမေ့ကြပါချေ။ လင်းရုဖေးပင် နားထောင်နေရင်းမလှုပ်မယှက်ဖြစ်နေသည်။ သူအများအပြားနားမလည်သည့်တိုင် မကောင်းသည့်စကားမှန်းတော့သိသည်။ ထို့အပြင် ဆဲသည့်စကားလုံးများက တစ်လုံးလေးပင်မထပ်လေရာ သူအင်မတန်မှပင်လေးစားမိသွားသည်။
"အထင်ကြီးလောက်စရာပဲ..."
လင်းရုဖေးကလေးစားနေပုံဖြင့်ဆိုသည်။
"ဟင်း...ဟုတ်ပါရဲ့...ကိုယ် သူတို့ကိုမတွေ့ရတာတောင်ကြာလှပြီ အခုထိဒီလိုဖြစ်နေကြတုန်းပဲ"
ထိုအချိန်မှာပင် ကုရွှမ်းတုကလင်းရုဖေးအနားတွင်ပေါ်လာသည်။ ဝမ်းနည်းနေသောမျက်နှာဖြင့် လင်းရုဖေးအားတစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ့မိသားစု၏သခင်ငယ်လေးရဲ့သောကရောက်နေသည့်ပုံကိုမြင်ပြီးနောက် တမဟုတ်ချင်းစိုးရိမ်သွားသည်။
![](https://img.wattpad.com/cover/343576080-288-k91129.jpg)
YOU ARE READING
ဆောင်းနှင်းဓါးထက်ချယ်ရီဝေ
Non-Fiction💥New BL Coming Soon Title- Cherry Blossoms Upon a Wintry Sword Type - Web Novel(CN) Genre - Adventure, Comedy, Shounen Ai ,Xuanhuan Yaoi Author - XĪ Zîxù E-Translator - N/A Year -2019 Status- 92 +7 (extras) MM Translator - IQ Team ဆောင်းနှင်းဓားထ...