chapter 143

350 52 1
                                    

Chapter 143
Imperial MeowAugust 16, 2023
Chapter 143

ပင်လယ်နှင့်ကောင်းကင်

───────

မြင်းလှည်းပေါ်ထိုင်​နေစဥ်တွင် ရှဲယိကျစ်သည် ​မှော်​ကျောက်တုံးကို လွှင့်ပစ်တော့မည်ဖြစ်သော်လည်း အေးစက်သောလေ ရုတ်တရက် တိုက်ခတ်လာ​သော​ကြောင့် လှည်းတစ်ခုလုံး တုန်ခါသွားရသည်။ ဤထူးဆန်းသောလေနှင့်အတူ ပြင်းထန်သောငါးညှီနံ့ကိုပါရရှိလိုက်သည်။ ၎င်းကို ရှဲယိကျစ်သတိပြုမိသောအခါ သူ့အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။

“မ​ကောင်း​တော့ဘူး” ဟု အော်ဟစ်လိုက်ပြီး ရထားပေါ်ကနေ ထပြီး ထွက်သွားရန် ကြံရွယ်လိုက်သည်။

သို့သော်လည်း ဘေးတွင်ထိုင်နေသော ချီယွီသည် ရုတ်တရက် သူ့လက်သည်းများကို မြှောက်လိုက်ပြီး လောလောဆယ် သူ့ကိုနောက်ကျောခိုင်းထား​သော ရှဲယိကျစ်အ​ပေါ် ကုတ်ခြစ်လိမ့်မည်ဟု မည်သူကထင်မည်နည်း။ ရှဲယိကျစ်သည် ကုတ်ခြစ်မခံရခင် အတော်လေးစိတ်ရှုပ်ထွေးမိသွားသည်။ သူက ခြေလှမ်းအနည်းငယ်ခန့် ဒယီးဒယိုင်​လျှောက်လိုက်ပြီးနောက် လှည်းပေါ်သို့ ပြန်လဲကျသွားသည်။

သူ အံ့အားသင့်သွားသလို အပြင်မှလေသည်လည်း ရပ်တန့်သွားပြီး လူတွေကို စိတ်မသက်မသာဖြစ်စေသည့် ငါးနံ့များလည်း ပျောက်ကွယ်သွား​ပေသည်။

"မင်း ဘာကြောင့် ငါ့ကို ရိုက်ရတာလဲ"

ရှဲယိကျစ်သည် ခေါင်းကိုလှည့်ကာ ချီယွီကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။

ချီယွီက သူ့လက်သည်းများကို လျှာနှင့်လျက်လိုက်ပြီးနောက် စိတ်ဝင်စားမှုမရှိဘဲ ပျင်းရိစွာ ပြန်​ဖြေလိုက်သည်။

“ငါ ရိုက်ချင်ရင် ရိုက်မယ်"

ရှဲယိကျစ်: "... ..."

ချီယွီ “ဘာပြဿနာရှိလို့လဲ"

ချီယွီကို နိုင်​အောင်မတိုက်ခိုက်နိုင်သောကြောင့် ရှဲယိကျစ်သည် ပြဿနာမရှာဝံ့ပေ။ အပြင်တွင်ရှိနေ​သောအရာသည် ပျောက်ကွယ်သွားသည်ဟု ခံစားမိပြီးနောက် သူ့လည်ပင်းကို ကျုံ့ပြီး ထောင့်တစ်နေရာတွင် သက်ပြင်းချကာ ဆက်ထိုင်နေလိုက်သည်။ ချီယွီက မျက်လုံးများကို ​မှေးကျဥ်းထားပြီး သူ့ကို စိုက်ကြည့်နေသဖြင့် ရှဲယိကျစ် အသက်ပင်ရဲရဲ မရှူဝံ့​တော့ပေ။

ဆောင်းနှင်းဓါးထက်ချယ်ရီဝေWhere stories live. Discover now