ဆောင်းနှင်းဓါးထက်ချယ်ရီဝေ

568 79 0
                                    

Chapter 65
Imperial MeowJuly 15, 2023
Chapter 65

တောင်ပေါ်ကအရာများ



တောင်ပေါ်ဓားပြတွေက ငွေတွေလုတာဖြစ်ပြီး လူသတ်ပြီးပါကချက်ချင်းထွက်သွားမည်မဟုတ်ချေ။ သားရဲကောင်တွေကလည်းအသားစားပြီးပါက အရိုးကိုက်ရဦးမှာဖြစ်သည်။ ဖူဟွားပြောသလိုဆိုလျှင် သတ်ခံရသည့်ကုန်သည်အုပ်စုကြုံတွေ့လိုက်ရသည်က ဓားပြလည်းမဟုတ်သလို သားရဲကောင်တွေလည်းမဟုတ်ဘဲ  အခြားအရာတခုခုသာဖြစ်နိုင်ပေ၏။

"ဘာဆိုဘာမှမတွေ့ဘူးလား"

လင်းရုဖေးကမျက်မှောင်ကြုံလျက်မေးလိုက်သည်။

"မတွေ့ဘူး"

ဖူဟွားကအနည်းငယ်တုန်ယင်နေသေးသည့် အသံဖြင့်ဆက်၍ဆိုသည်။

"ပြီးတော့ ......ပြီးတော့"

လင်းရုဖေးကမေးလိုက်သည်။"ပြီးတော့ဘာလဲ"

ဖူဟွား : "အားလုံးရဲ့မျက်လုံးတွေကဖောက်ထုတ်ခံထားရတယ် သေသွားတဲ့သူတွေကော အသက်ရှင်နေတဲ့သူတွေကော အကုန်လုံးရဲ့မျက်လုံးတွေ..."

အားလုံး တိတ်ဆိတ်သွားသည်။ မော့ကျောက်ချိုင်က အားလုံးထဲတွင်သတ္တိအနည်းဆုံးဖြစ်ပြီး စတင်၍ငိုကြွေးနေပြီပင်ဖြစ်သည်။

သူကမျက်ရည်များကိုသုတ်ရင်း‌ပြောလာလေသည်။

"မသွားပါနဲ့ပြောတာကို အခုသွားတော့မမြင်သင့်တာကိုမြင်သွားပြီလေ ကျွန်တော်တို့အခုဘာဆက်လုပ်ကြမလဲ"

ဖူဟွားပြောပြသည့်ပုံအရသူမရောက်ချိန်တွင် အစုလိုက်အပြုံလိုက်အသတ်ခံရပြီးပြီဖြစ်သည်။ နေရာအနှံအပြားလူသေအလောင်းများကိုသာတွေ့ရပြီး အသက်ရှင်ကျန်ရစ်သူအနည်းငယ်သာရှိသည်။ သူတို့၏မျက်လုံးတွေနေရာမှာ သွေးထွက်နေသည့်အပေါက်များသာကျန်ရှိနေတော့ပြီး မြေပြင်ပေါ်တွင်အင်အားချည့်နဲ့စွာ လှဲ‌လှောင်း၍အော်ဟစ်နေကြသည်။ ထိုသူတို့သည်လည်း အသက်အကြာကြီးဆက်မရှင်နိုင်‌တော့ပေ။

မြင်ကွင်းက အရမ်းကိုထူးဆန်းလှသည်။ ဖူဟွားလည်းဆက်ပြီမနေရဲတော့တာ‌ကြောင့်အမြန်ပြန်လာခဲ့လိုက်ခြင်းပင်။

ဆောင်းနှင်းဓါးထက်ချယ်ရီဝေWhere stories live. Discover now