Chapter 94
Imperial MeowJuly 25, 2023
Chapter 94"သခင်လေးလင်းက မနက်ဖြန်ထွက်သွားတော့မှာလား မော့မော့ကိုသခင်လေးလင်းနဲ့ထည့်ပေးလိုက်ဖို့တော့အဆင်မပြေဘူး ကျွန်တော့်မှာကလေးတွေအများကြီးရှိတော့ကျွန်တော်က ကလေးတွေကိုသိပ်ဂရုမစိုက်မိဘူး ဒါပေမဲ့ သခင်လေးကကျွန်တော့်ကိုသတိပေးထားမှတော့ အနာဂတ်မှာ ကျွန်တော်မော့မော့ကိုကောင်းကောင်းဆက်ဆံမှာပါ"
လင်းရုဖေး : "ကျွန်တော်ဒီကိုလာတာ မော့မော့အကြောင်းပြောဖို့မဟုတ်ဘူး"
အစတွင် ဖူယွိသည်စိတ်လှုပ်ရှားလွန်း၍ မတ်တပ်ရပ်မိသွား၏၊ သို့သော်လင်းရုဖေးစကားကြောင့် သူ၏ထိုင်ခုံတွင်သာပြန်ထိုင်လိုက်ပြီးအေးစက်စက်ဖြင့်ပြော၏။
"ဒါဆိုသခင်လေးလင်းက ဘာလာလုပ်တာလဲ"
လင်းရုဖေးကသူ့အားကြည့်ကာ တဆက်တည်းပြောလိုက်သည်။
"ကျွန်တော်ဒီကိုလာတာ ခင်ဗျားနဲ့သိုင်းပြိုင်ဖို့"
ဖူယွိမျက်နှာကချက်ချင်းအေးခဲသွားသည်။
"သခင်လေးလင်း....ဘယ်လိုပြောလိုက်တာလဲ"
လင်းရုဖေး : "ကျွန်တော် ဒီနေရာကိုလာတာ မင်းနဲ့ပြိုင်ဖို့"
လင်းရုဖေးသည် ဓားရေးပြိုင်ရန်လူတစ်ယောက်ရှာခြင်းက ဤသည်မှာပထမဆုံးအကြိမ်ဖြစ်သည်။ ၎င်းမတိုင်ခင် ဝမ်ထန်းနှင့်လျိုရုကုန်းတို့ကသာ တိုက်ရန်တွန်းအားပေးသူများဖြစ်ခဲ့သည်။ ဤတစ်ကြိမ်တွင်မူ တိုက်ခိုက်ရန်တောင်းဆိုလာသူက လင်းရုဖေးဖြစ်နေ၏။
ဖူယွိ၏မျက်နှာပေါ်မှအပြုံးသည် မယုံကြည်နိုင်စရာကောင်းသည့်အရာကြောင့် တောင့်တင်းနေပုံပင်။
"ဘာလို့ အဲဒီလိုပြောနိုင်တာလဲသခင်လေးလင်း ကျွန်တော်တို့ဖူမိသားစုကဧည့်ခံတဲ့နေရာမှာချို့ယွင်းသွားလို့လား"
လင်းရုဖေး : "ဟုတ်တယ် မင်းတို့ဖူမိသားစုဧည့်ခံတာက စုတ်ပြတ်လွန်းတယ်"
လိုရင်းရောက်လာပြီဖြစ်၍ သူ့ထံတွင်ဖူယွိအားမျက်နှာသာပေးစရာအကြောင်းမရှိတော့ပေ။ သည့်အပြင် သူ၏အရှေ့မှလူကဖူယွိ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ၎င်းကနောက်ထပ်ကိစ္စတစ်ခုပင်။ သူသည်မေးစေ့ကိုပင့်မြောက်ထားကာ သူ့စကားလုံးများကမူ လူမဆန်ဘဲအေးစက်နေ၏။
![](https://img.wattpad.com/cover/343576080-288-k91129.jpg)
ESTÁS LEYENDO
ဆောင်းနှင်းဓါးထက်ချယ်ရီဝေ
No Ficción💥New BL Coming Soon Title- Cherry Blossoms Upon a Wintry Sword Type - Web Novel(CN) Genre - Adventure, Comedy, Shounen Ai ,Xuanhuan Yaoi Author - XĪ Zîxù E-Translator - N/A Year -2019 Status- 92 +7 (extras) MM Translator - IQ Team ဆောင်းနှင်းဓားထ...