ဆောင်းနှင်းဓါးထက်ချယ်ရီဝေ

359 57 0
                                    

Chapter 110
Imperial MeowAugust 02, 2023
Chapter 110

နန်းတော်ထဲရှိကိစ္စများ...။

--------------



မင်းသမီးလေး၏မေ့​မြောမှုကြောင့် မတိုင်မီက ဧကရာဇ်ဥယျာဥ်ကို ဂရုတစိုက်ရှာဖွေခဲ့ဖူးသည်။ သို့​သော် ထိုအချိန်တုန်းက ရည်ရွယ်ချက်သည် တရားခံလူများကို ရှာဖွေရန်သာဖြစ်သည်။ ထို့ကြောင့် လူတစ်ယောက်ပုန်းကွယ်ရန် မဖြစ်နိုင်သည့်နေရာတချို့ကို ချန်လှပ်ထားခဲ့သည်။ ယခု မင်းသားနှစ်ပါးကို ဘုရင်မင်းမြတ်က ဆူပူကြိမ်းမောင်းပြီးနောက် ဒေါသထွက်​နေသောမျက်နှာဖြင့် ရှာဖွေရန် အမိန့်ပေးပြန်သည်။ ရှာဖွေရေးတွင်တာဝန်ယူထားရသည့်လူများသည် သဘာဝကျကျ နားလည်လိုက်သည်။ ဘုရင်မင်းမြတ်သည် အလွန်ဒေါသထွက်​နေ​သော​ကြောင့် ရှာဖွေသည့်အခါ အထူးသတိထားရ​ပေမည်။ အောက်ခြေတွင် တစ်ခုခု ဝှက်ထားသလားဆိုသည်ကို သေသေချာချာရှာ​ဖွေကြည့်ရန် မြက်ခင်းတိုင်းကို မ,ကြည့်ရန်လိုအပ်သည်။

အခန်းအပြင်ဘက်တွင် အလွန်ပူပြင်းလှ၏။ သူတို့ အခန်းထဲ၌ ​စောင့်​ဆိုင်းနေစဥ် အပြင်မှလူများသည် ဧကရာဇ်ဥယျာဉ်ကိုဖြတ်သန်းရှာဖွေရင်း နေရောင်ကို အံတုရင်ဆိုင်​နေရသည်။ အခန်းထောင့်တိုင်းတွင် အပူကို​လျှော့ချပြီးအေးမြ​စေရန် ရေခဲအများအပြားကို ထားရှိထားသည်။ ဘေးနားတွင် ယပ်​တောင်ခတ်​ပေး​နေ​သောအ​စေခံများလည်း ရှိ​သော​ကြောင့် မပူ​ပေ။ ပိုင်ထျန်း​ရွေ့သည် သူတို့ ရေငတ်​နေမည်ကို စိုးရိမ်သောကြောင့် အအေးခံထားသော ဆီးသီးဟင်းချိုကို ယူလာပေးရန်ပင် တစ်​ယောက်​ယောက်ကို တောင်းဆိုလိုက်သည်။ တည်းခိုခန်းတွင် မ​နေ့ညက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အပြီး လင်းရု​ဖေးသည် တစ်ညလုံး အိပ်မပျော်ခဲ့​ပေ။ ယခု သူ အနားယူရန် အခန်းထဲမှာ ထိုင်နေရင်း အနည်းငယ် အိပ်ငိုက်လာသည်။ သို့သော် နောက်ဆုံးတွင် သူသည် ဧကရာဇ်မင်း၏အရှေ့တွင် ရှိနေသောကြောင့် အရမ်းသိသာ​​နေလျှင် မသင့်​လျော်ဘူးဟု ခံစားရသည်။ ထိုအစား သူသည် ရွှမ်ချင်းနှင့် စကားစမြည်ပြောသည့်အခါ ရံဖန်ရံခါဆိုသလို သမ်းဝေသွားတော့၏။

ဆောင်းနှင်းဓါးထက်ချယ်ရီဝေWhere stories live. Discover now