အပိုင်း (၄)

2.5K 45 0
                                    

"ဒေါက်တာ ကျွန်တော့် တူမလေး အခြေအနေ"

ဆရာဝန်ကြီးရုံးခန်းကို လိုက်လာပြီးပြီးချင်း သူ့ဖက်ကပဲ မေးခွန်းကိုစတင်လိုက်သည်။

"ကျွန်တော်အခု အကြမ်းဖျင်း စစ်ဆေးမှုအရတော့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့် စကားမပြောနိုင်တာမျိုးမဟုတ်ဘူးလို့ ယူဆရတယ်.. ထိတ်လန့်စရာ အဖြစ်အပျက်တွေ မြင်ကွင်းတွေ ကြုံတွေ့ပြီးနောက်မှာ ကလေးက အကြောက်လွန်ပြီး စကားမပြောနိုင်တာမျိုးလို့ ကျွန်တော်ကတော့ ယူဆတယ်ဗျ.. သေချာ စစ်ဆေးမှုတွေ လုပ်ပြီးရင်တော့ အကြောင်းအရင်းကို တိတိကျကျ ပြောနိုင်မှာပါ.. လူနာရှင်ဖက်ကရော စစ်ဆေးမှုတွေ ဒီမှာပဲ လုပ်မှာလား.. ရန်ကုန်ရောက်မှပဲ လုပ်ချင်လား.. တခြားကိစ္စတွေလည်း စီစဉ်ဖို့ ရှိနေဦးမှာဆိုတော့လေ.."

မမနှင်းတို့ရဲ့ အသုဘကိစ္စကို ရည်ညွှန်းပြောဆိုမှန်း သူသဘောပေါက်ပါသည်။ သို့ပေမယ့် သူ့တူမလေး အခြေအနေကိုလည်း သေချာစွာသိလိုသည်။

"ဒါဆို... အကယ်၍များ စိတ်ပိုင်းဆိုင်ရာကြောင့် ဆိုရင် အချိန်ဘယ်လောက်ကြာရင် ကျွန်တော့်တူမလေး စကားပြန်ပြောနိုင်မလဲ ဆရာ"

"ဟင်းးး.. အဲ့ဒါကတော့ အတိအကျ ပြောဖို့ခက်တယ်ဗျ.. ဒီလိုcaseမျိုးက တစ်ချို့တွေမှာ ရက်ပိုင်း၊ လပိုင်းလောက်နဲ့ ပြန်ပြောနိုင်တာမျိုး ရှိသလို.. တစ်ချို့တွေမှာ နှစ်တွေအများကြီး အချိန်ယူတာမျိုးလည်း ဖြစ်နိုင်တယ်.. တစ်သက်လုံး ပြန်မပြောနိုင်တာမျိုးလည်း ရှိတတ်တယ်.."

"ဗျာ.."

"စိတ်ဓါတ်မကျပါနဲ့ဗျာ.. ဒါကတော့ ဖြစ်နိုင်ချေအားလုံးကို ပြောပြတာပါ.. စိတ်ကျန်းမာရေး ဆိုင်ရာကုသမှုတွေ၊ ကုထုံးတွေနဲ့ ကြိုးစားကြည့်ရင်တော့ အချိန်အတိုင်းအတာ တစ်ခုအတွင်း အရာထင်လာမယ်လို့ ကျွန်တော်ကတော့ ယုံကြည်ထားစေချင်တယ်.."

"ကျွန်တော့်တူမလေး အဖြစ်က ဆိုးလိုက်တာဆရာရယ်.. ကျွန်တော် ဘာလုပ်ပေးရမှန်းလည်း မသိတော့ဘူး.. ကျွန်တော်.. ကျွန်တော်အခု သူ့ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာကိုတောင် မသိနေတော့ဘူးဗျာ... ဟင့်.. ဟင့်.."

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now