မြူ လက်ထဲက ရေနွေးနွေးလေးစိမ်ထားတဲ့ မျက်နှာသုတ်ပဝါ အပိုင်းငယ်လေးနဲ့ ကို့ရဲ့ လက်ကလေးတွေကို ရေပတ်သုတ်ပေးနေမိသည်.. လက်က သွေးကြောတွေကို ဆေးပိုက်တွေသွင်းထားတာ အချိန် တစ်ရက်ကျော် ကြာနေပြီဆိုတော့ လက်ကောက်ဝတ်ပတ်လည်တွေက အနည်းငယ် ရောင်ကိုင်းနေလေသည်..။
ကို အရမ်းနာနေမှာပဲနော်.. ဆေးပိုက်သွင်းထားတဲ့ သွေးကြောနေရာလေးတွေတောင် ဒီလောက် နာကျင်နေရမယ်ဆိုရင် ဓားနဲ့ထိုးခံရတဲ့ အချိန်မှာရော ဘယ်လောက်တောင် နာကျင်သွားမလဲ.. နောက်ပြီး ခွဲစိတ်မှုတွေ ပြုလုပ်ထားတဲ့ ဝမ်းဗိုက်တစ်ဝိုက်နဲ့ ခန္ဓာကိုယ်တွင်းကရော ဘယ်လောက်တောင် နာကျင်နေရလိမ့်မလဲ..။
အဲဒီ့နာကျင်မှုတွေကြောင့်ပဲ မနိုးလာသေးတာလားဟင်.. ဆရာဝန်ကြီးက စိတ်ပူစရာမရှိတော့ဘူးလို့ ပြောနေပေမယ့်လည်း မြူ့အတွက်တော့ စိတ်ပူနေရတာပါပဲ.. ကိုရယ် ခံစားနေရတဲ့ ဝေဒနာတွေ အမြန်ဆုံးသက်သာပါစေနော်..။
မြူ ကို့ရဲ့လက်လေးတစ်ဖက်ကိုယူပြီး ပါးပြင်နဲ့ကပ်ကာ ကို့မျက်နှာလေးကိုပဲ ငေးစိုက်ကြည့်နေမိသည်.. ထိုအချိန်မှာပဲ မြူ့ရဲ့လက်နှစ်ဖက်နဲ့ ဆုတ်ကိုင်ထားတဲ့ ကို့လက်ကလေးက လက်ချောင်းလေးတွေက အနည်းငယ်လှုပ်ခတ်သွားတာကို မြူ သတိထားလိုက်မိတယ်..။
ဟင်..
"ကို သတိရပြီလားဟင်... ကို သတိရပြီလား.."
သတိုးရဲ့ ခေါင်းထဲမှာ အနည်းငယ် မူးမိုက်နောက်ကျိနေပြီး လူက နိုးတဝက် အိပ်တဝက်လို ခံစားနေရသည်.. မျက်ခွံတွေကလည်း လေးနေပြီး မျက်လုံးဖွင့်ကြည့်ဖို့တောင် အားမရှိသလို ခံစားနေရသည်.. ခန္ဓာကိုယ်အနှံ့က နာကျင်မှု တချို့ကိုလည်း ခံစားနေရသည်..။
ဒါပေမယ့် နားထဲမှာတော့ စကားသံအချို့ ကြားနေရသလိုပဲ.. မျက်လုံးကို ဖွင့်ကြည့်လို့မရသေးပေမယ့် မျက်ဆံကိုတော့ ဟိုဖက်ဒီဖက်ရွှေ့ကာ ကြားနေရတဲ့ အသံကို အာရုံစိုက်ဖို့ကြိုးစားလိုက်သည်..။
"ကို.. သတိရပြီလားဟင်... ခေါင်းမူးနေသေးလား.. မျက်လုံးရောဖွင့်ကြည့်လို့ရလား.."
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romanceနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner