ညီမလေးဆီက လက်ဆောင်ရခဲ့သော ပန်းချီကားလေးကို သူ့မှာကြည့်မဝနိုင်ပါ။
ပန်းချီကား အောက်ခြေက "မြူ"ဆိုတဲ့ ညီမလေးရဲ့ လက်မှတ်လေးကို သူလက်မလေးဖြင့် အကြိမ်ကြိမ်ထိကြည့်နေမိသည်။ သူ့မျက်နှာထက်က အပြုံးကိုလည်း ပြန်မသိမ်းနိုင်တော့။
ဒီပန်းချီကားလေးက ညီမလေးကိုယ်စား သူ့အနီးဆုံးမှာ ရှိနေသလို ခံစားရစေသည်.. သူ့ရင်ထဲ ကြည်နူးမှုကတော့ မဖော်ပြနိုင်တော့ပေ။
မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေကြောင့် ညီမလေးရဲ့ မြင်ကွင်းရှေ့ကို မထွက်ပဲ အဝေးကနေ စောင့်ရှောက်ပေးမယ်ဆိုတဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်တွေ ပြောင်းလဲခဲ့ရသည်။
ညီမလေးရဲ့အနားမှာနေရင်း ဒီအခြေအနေလေးကနေ ဝေးရမှာက်ို သူကြောက်နေပြီ.. ညီမလေးအနားနေခွင့်ကို သူလောဘတက်နေမိသည်။
"ကိုကို့ကို ညီမလေးအနားမှာ တစ်သက်လုံး ရှိနေခွင့်ပေးပါ ညီမလေးရယ်"
......
[ညီမလေး.. အစ်ကို့ရဲ့ ပွဲရုံဖွင့်ပွဲကို တကူးတက တက်ရောက်ပေးလို့ ကျေးဇူးတင်ကြောင်း ထပ်ပြောပါရစေနော်.. နောက်ပြီး အဖိုးတန် ပန်းချီကားလက်ဆောင် ပေးတဲ့အတွက်လည်း ကျေးဇူးပါညီမလေး]
[ရပါတယ်အစ်ကို.. မြူ့ကိုလည်း ဖိတ်ကြားပေးတာ ကျေးဇူးနော်.. မြူက ပုံမှန်ဆို အဲ့လို လူများတဲ့ပွဲတွေ သိပ်မသွားတတ်လို့ ပွဲထဲမှာ အဆင်မပြေမှာစိုးနေတာ.. အစ်ကိုက ဧည့်ဝတ်ကျေပေးလို့ အစ်ကို့ကိုတောင် ပြန်ကျေးဇူးတင်ရမှာ]
[နောက်ပြီး ပန်းချီကားက အဖိုးမတန်ပါဘူး.. မြူဆွဲထားတဲ့ ပန်းချီကားလေးပါ.. နာမည်ကြီး ပန်းချီဆရာတွေ ဆွဲထားတာမျိုး မဟုတ်ပါဘူး]
[အဲ့ဒါက ပိုပြီး တန်ဖိုးရှိတာပေါ့.. အစ်ကို့အတွက်တော့ ညီမလေးလက်ရာကို သိမ်းထားခွင့်ရတာ အစ်ကိုက ကံအကောင်းဆုံး လူသားလို့ ကိုယ့်ကိုကိုယ် ခံယူလိုက်ပြီ]
[😆 အစ်ကိုက အပိုတွေ ပြောပြီ]
[ညီမလေး.. အစ်ကိုတို့ မိတ်ရင်းဆွေရင်းတွေ ဖြစ်သွားကြပြီလို့ မှတ်ယူလို့ရပြီမလားဟင်]
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Любовные романыနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner
