မြူ့ဘဝမှာ ပထမဆုံးအကြိမ် ယောက်ျားလေးတစ်ယောက်ဆီက ချစ်တယ်လို့ ပြောခံလိုက်ရတာပါပဲ.. ပြောတဲ့သူကလည်း တရားဝင် လူသိရှင်ကြား လက်ထပ်ထားတဲ့ ကိုယ့်ယောက်ျားဖြစ်နေတာတော့ ထူးဆန်းနေမှာပေါ့နော်။
ထူးဆန်းတယ်လို့လည်း ပြောလို့မရပြန်ပါဘူး.. သူနဲ့မြူနဲ့က ချစ်သူတွေ ဖြစ်ပြီးမှ လက်ထပ်ခဲ့ကြရတာမျိုးမှ မဟုတ်တာ.. မထင်မှတ်တဲ့ အဖြစ်အပျက်တွေ မြန်ဆန်လွန်းတဲ့ကြားမှာ ရက်ပိုင်းအတွင်းမှာပဲ လက်ထပ်ယူခဲ့ကြတာမလား။
ဒါပေမယ့် သူ့အပြုအမူတွေက မြူ ဒီအိမ်ကို စရောက်ခါစနဲ့တော့ ကွာခြားသွားတာတော့အမှန်.. သူတကယ်ပဲ မြူ့ကို ချစ်မိသွားတာလား.. မြူကတော့ အချစ်ဆိုတာ ဘာမှန်းမသိပေ။
အခုချိန်ထိလည်း အချစ်ဆိုတာကို မစဉ်းစားမိလောက်အောင်ကို မြူ့ဘဝက ဒဏ်ရာဒဏ်ချက်တွေ များခဲ့သည်.. ကိုကိုနဲ့တွေ့ပြီးနောက်ပိုင်း သူစိမ်းယောက်ျားလေးတစ်ယောက်ရဲ့ ဖေးမမှုတွေ၊ ကြင်နာ ဂရုစိုက်မှုတွေတော့ မြူရခဲ့ပါတယ်။
ဒါပေမယ့် ကိုကိုက မြူ့အတွက် မိတ်ဆွေကောင်းတစ်ယောက်အပြင် မပိုခဲ့တဲ့ ဖြူစင်တဲ့မေတ္တာတွေနဲ့ ဖေးမခဲ့တာပါ။
ဒါဆို မြူ တရားဝင်လက်ထပ်ထားတဲ့ သူကရော.. သူ့ဖက်ကတော့မသိ.. မြူကတော့ ဒီအိမ်ကို စရောက်တဲ့ အချိန်ကစပြီး ဇနီးမယားတစ်ယောက်ရဲ့ တာဝန်တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့တာပါပဲ။
သူ့အပေါ် ချစ်ခြင်း၊ မုန်းခြင်း ကင်းစွာတော့ နေခဲ့မိသည်.. ဒါပေမယ့် တစ်ခါတစ်လေ သူ့ရဲ့ မြူ့သိက္ခာကို စော်ကားပြောဆိုတဲ့ စကားတွေတော့ မြူ မခံနိုင်ခဲ့ဘူး။
အရင်က မြူ့ကို အရမ်းမုန်းတီး နာကျည်းခဲ့တဲ့သူက မြူ့ကို ချစ်တယ်ဆိုတာကိုရော မြူ ယုံကြည်လို့ ရပါ့မလား။
လောလောဆယ်တော့ မြူ ဒါတွေ မတွေးချင်သေးဘူး..။
..........
"ကဒ်... ကဲ ဒီနေ့ ရှုတင်ပြီးပြီနော်.. အားလုံး ပင်ပန်းသွားကြပြီ.. မင်းသားနဲ့ မင်းသမီး မနက်ဖြန် ၈နာရီခွဲအရောက် လာပေးကြနော်"
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romanceနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner