အချိန်အားဖြင့် ၄နာရီခွဲလောက်မှာ အန်ကောဝတ်ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်.. လမ်းမကြီးဘေးက မြင်နေရတဲ့နေရာကနေ ဘုရားကျောင်းရှိရာသို့ လမ်းအရှည်ကြီးဝင်ရောက်ခဲ့ရလေသည်.. နိုင်ငံခြားသားဧည့်သည်များကလည်း တခြားလည်ပတ်ခဲ့တဲ့နေရာများထက် ပိုမိုများပြားလွန်းလှသည်.. အားလုံးရဲ့ အဓိက လာရောက်လည်ပတ်ရာနေရာမှာ ကမ္ဘာ့အမွေအနှစ်တွေထဲက တစ်ခုဖြစ်သည့် ဒီ အန်ကောဝတ် ဘုရားကျောင်းမဟုတ်လား။
"ချစ်လေး.. လာ ကို့လက်ကိုကိုင်ထား.. လူအရမ်းများနေတယ်.. လူတွေနဲ့ တိုးတိုက်မိပြီး လူကွဲသွားမှာစိုးလို့.. ဟိုးအရှေ့ရောက်မှ ဓါတ်ပုံရိုက်နော်"
[ဟုတ်]
သူမလေးကတော့ အသွားချင်ဆုံးနေရာကို ရောက်ခဲ့ပြီ ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေလေသည်.. သတိုးလက်ထဲက သူမရဲ့ လက်ဖဝါးလေးတွေက ချွေးစေးလေးတွေနဲ့ အေးစက်နေလေသည်။
သတိုးတို့လည်း လူအုပ်ကြားထဲလိုက်ဝင်ကာ ဝင်ပေါက်လမ်းအတိုင်း လျှောက်ဝင်ခဲ့လေသည်.. အခုချိန်ထိ အဝေးကပဲ မြင်နေရသေးတဲ့ အန်ကောဝတ်ကျောင်းတော်ကြီးက အုတ်များဖြင့် အစီအရီဆောက်လုပ်ထားပြီး ကြီးကျယ်ခမ်းနားမှုက အဝေးကနေတောင် ရင်သတ်ရှုမောဖွယ်ဖြစ်သည်.. ပုဂံဘုရားများကဲ့သို့ပင် အုတ်တွေဖြင့် ဤမျှခမ်းနားအောင် ဆောက်လုပ်ခဲ့ကြသော ရှေးခေတ်က လူတွေရဲ့ ပညာများကိုလည်း မချီးကျူးပဲ မနေနိုင်အောင် ဖြစ်ရသည်။
ဝင်ပေါက်ကနေ ဝင်လာရင်း ဘုရားကျောင်းမရောက်မှီ လမ်းတဝက်အကျော်လောက် အရောက်မှာတော့ အန်ကောဝတ်ရဲ့ နာမည်ကြီးphoto spotဖြစ်တဲ့ ရေကန်လေးကို တွေ့ရလေသည်.. ထိုရေကန်အရှေ့တွင် ရပ်ကာ အန်ကောဝတ် ဘုရားကျောင်းကြီး နောက်ခံနဲ့ ဓါတ်ပုံရိုက်ကြတာကလည်း ဒီကိုရောက်ကြသူတိုင်းအတွက် မလုပ်မဖြစ် bucket listတစ်ခုပင်..။
"ချစ်လေး.. လာ ဒီဖက်ကို.."
သူမနားနားကပ်ကာ တိုးတိုးလေးပြောရင်း သူမလက်ကိုဆွဲ၍ ထိုရေကန်ရှိရာသို့ ခေါ်ဆောင်လာခဲ့လေသည်.. ရေကန်နားရောက်တော့ အရှေ့က ဓါတ်ပုံရိုက်နေတဲ့သူတွေကို စောင့်နေရင်းနဲ့ သူမကို အနောက်ကနေ ရင်ခွင်ထဲ ထည့်ဖက်ထားကာ..
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
عاطفيةနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner