အပိုင်း (၂၈)

1.6K 28 0
                                    

ဒီနေ့ဆို သတိုးတို့ ရိုက်ကူးရေးလုပ်တာ ၃ပတ်ကျော်လာခဲ့ပြီ.. ရိုက်ကူးရေးက တစ်ခါတစ်လေ တစ်ရက်လုံး night scene တွေထိ ဆက်တာတွေပါ ရှိတော့တစ်ဖွဲ့လုံးအတော်လေးတော့ ပင်ပန်းနေကြပြီ။

"အစ်ကိုလေး.. အစ်ကိုလေး အခန်းတွေ ပြီးပြီတဲ့ ဒါရိုက်တာကြီးက.. ဟိုတယ်ပြန်တော့မလား"

"အေး.. ပြန်ကြမယ်လေ.. ငါလည်း နားချင်ပြီ"

"ကိုသတိုး.. ပြန်တော့မလို့လား.. ခဏနေပါဦး.. သက်လျာလည်း လိုက်ချင်လို့"

သတိုးနဲ့အတူ ဒီကားမှာ တွဲသရုပ်ဆောင်ရတဲ့ တက်သစ်စမင်းသမီး ရွှေသက်လျာက အကြောင်းအရင်းမရှိ အတင်းတွေ ရောနေတာ သတိုးသတိထားမိသည်။

ဒီနေ့တော့ ဟိုတယ်ကို အတူတူပြန်မယ်လို့ လာပြောနေပြန်သည်.. ဒီလိုအခြေအနေမျိုးက သတိုးအတွက် မဆန်းတော့သော ပြကွက်များသာ..။

"သက်လျာရဲ့ မန်နေဂျာရော"

"အော်.. ဟို ယာယာက မိတ်ကပ်အဖွဲ့တွေကို ခဏစောင့်ပေးရဦးမှာ.. သက်လျာက နည်းနည်းပင်ပန်းနေလို့ နားချင်နေပြီ မို့လို့ပါ.. ဒီနေ့ အခန်းတွေကလည်း heavy dramaနည်းနည်းများသွားလို့လေ.."

"အိုကေလေ.. လိုက်ခဲ့ပေါ့"

.

သတိုးရဲ့ဘေးမှာထိုင်ရင်း လိုက်ပါလာတဲ့သူမကစတင်ကာ..

"ကိုသတိုးက ဒီလိုအကြာကြီး ကားရိုက်ထွက်လာတာ အမျိုးသမီးကို မခေါ်လာဘူးလားဟင်"

ညုတုတု အသံဖြင့်မေးလိုက်တဲ့ မေးခွန်းက ရိုးရိုးသားသား သိချင်နေတဲ့ မေးခွန်းမျိုးမဟုတ်။

"သူက ဒီလိုမျိုး လူတွေအများကြီးနဲ့ နေရတာ အဆင်မပြေဘူး.. အိမ်မှာပဲ ပန်းချီဆွဲနေရတာ သဘောကျတဲ့သူမျိုး"

"ဟုတ်လား.. အဲ့လိုဆို ကိုသတိုးက မိန်းမနဲ့ရက်အကြာကြီး ခွဲနေရတာ အထီးမကျန်ဘူးလားဟင်"

နားနားကပ်ပြီး မေးလိုက်တဲ့ မေးခွန်းအဆုံးမှာ သူမရဲ့ လက်တစ်ဖက်က သတိုးရဲ့ ပေါင်ပေါ်သို့ရောက်လာလေသည်။

သတိုးရဲ့ နှုတ်ခမ်းထောင့်စွန်းလေး တစ်ချက်ပြုံးသွားပြီး သူမမျက်နှာကို တစ်ချက်စောင်းကြည့်လိုက်ပြီးနောက် သူမနားနားကပ်ကာ..

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now