အပိုင်း (၄၅)

1.7K 29 0
                                    

"Congratulations ချစ်လေး.. ချစ်လေးရဲ့ ဒုတိယမြောက် ပန်းချီပြပွဲ တဖြစ်လည်း ပထမဆုံးအကြိမ် Soloပန်းချီပြပွဲကို ကို ဂုဏ်ပြုပါတယ်"

"..."

မျက်လုံးကလေးများ ဝိုင်းစက်သွားပြီး မျက်ခုံးလေးများပါ မြင့်တက်သွားတဲ့အထိ အံ့ဩနေတဲ့ ကောင်မလေးကို သတိုး ကြည်နူးစွာနဲ့ အနူးညံ့ဆုံးပြုံးပြနေလေသည်။

ဒီကောင်မလေး ပျော်ရွှင်ဖို့ သူ့အနေနှင့် နည်းလမ်းမျိုးစုံနဲ့ ဖန်တီးပေးဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။

"ဟုတ်တယ် ဆရာမလေးရေ.. ကိုသတိုးက ဆရာမလေးရဲ့ လက်ရာတွေပဲ Soloပြပွဲလုပ်ချင်တယ်ဆိုလို့.. ဦးကတော့ ဝမ်းသာတာပေါ့.. ဆရာမလေး လက်ရာတွေကို မျှော်လင့်နေတဲ့ ပရိသတ်တွေ ရှိနေတာ ဦးက သိထားတော့ လက်ခံဖြစ်သွားတာ"

မြူ အကိုရဲ့ စီစဉ်မှုတွေအောက် အံ့အားသင့်နေတုန်းမှာပဲ ပြခန်းပိုင်ရှင် ဦးလေးက ရောက်လာလေသည်။

"..."

"ကဲ.. လာ အထဲ ဝင်ကြည့်ဦး"
အကိုက ပြောပြီး မြူ့လက်တစ်ဖက်ကို ကိုင်ကာ ပြခန်းမထဲ ဦးဆောင်ကာ ဝင်သွားလေသည်။

.
.
.

"Congratulations မမမြူ!"

အသံကြားလို့ လှည့်ကြည့်လိုက်တော့ ခက်ခက်က ပန်းစည်းလေးတစ်ခုကို ကိုင်ထားရင်း မြူ့ကို ပြေးဖက်လေသည်။

အနောက်မှာတော့ လေးလေးနဲ့ အန်တီသူဇာတို့ ပါလာလေသည်။

"Congratulations သမီးမြူလေး.. သမီးရဲ့ အောင်မြင်မှုတွေအတွက် လေးလေး အရမ်းဝမ်းသာတယ်နော် သမီး"

"..."

လေးလေးရဲ့ စကားအဆုံးမှာ မြူ လေးလေးနဲ့ အန်တီသူဇာတို့ကို ဖက်လိုက်မိသည်။

မြူ့အတွက် အမြဲတမ်း နွေးထွေးကြင်နာပေးတဲ့ ရပ်ဝန်းလေး.. မြူ့အတွက် အမြဲတမ်း တံတိုင်းတစ်ခုလို ကာကွယ်ပေးတဲ့ အသိုက်အမြုံလေး.. မြူ့ရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတိုင်းကို ထပ်တူ ခံစားပေးကြတဲ့သူတွေ.. မြူ သိပ်တန်ဖိုးထားရပါသော မြူ့ရဲ့ မိသားစုလေး။

လေးလေးတို့ကို ဖက်ထားရင်းနဲ့ မြူ့ရဲ့ မျက်ဝန်းအိမ်ကနေ မျက်ရည်တို့ စီးကျလာခဲ့သည်.. ဝမ်းနည်းမျက်ရည်များမဟုတ်ပေမယ့် မြူ့ကို ချစ်ပေးကြတဲ့ လေးလေးတို့ရဲ့ ကျေးဇူးတရားတွေကို မြင်ယောင်ပြီး ကျတဲ့ မျက်ရည်ဖြစ်သည်။

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now