သတိုး ဓားထိုးခံရပြီး ၅ရက်မြောက်နေ့မှာပဲ ဒေါ်ငုဝါ တစ်ယောက် တင့်စိုးကို စိတ်ချရတဲ့ နေရာတစ်နေရာကို ချိန်းလိုက်သည်.. သူမရဲ့ အသိတစ်ယောက်က မသုံးတော့တဲ့ ဂိုဒေါင်အဟောင်းတစ်ခုဖြစ်ပြီး နေရာကလည်း သိပ်ပြီး လူအသွားအလာမရှိတဲ့ ရပ်ကွက်ဖြစ်လို့ တင့်စိုးနဲ့တွေ့ဖို့ အဆင်ပြေဆုံးလို့ သတ်မှတ်ပြီး ချိန်းလိုက်တာဖြစ်သည်.. ဒီရက်အတွင်း သူမကိုယ်တိုင်လည်း ဆေးရုံကို လိုက်ကြည့်ကာ သတိုးအခြေအနေကို အတည်ပြုပြီး ဖြစ်သည်။
ဆေးရုံရဲ့ ICUခန်းအတွင်း ဆေးပိုက်ပေါင်းစုံ၊ စက်ပေါင်းစုံ တပ်ဆင်ထားတဲ့ သတိုးရဲ့ အခြေအနေက အခုလက်ရှိ ကိုမာအဆင့်လို့ ဆရာဝန်ကြီးက သတ်မှတ်ထားသည်.. သတိပြန်လည်လာနိုင်ချေကလည်း ရာခိုင်နှုန်းအလွန်နည်းပါးလို့ ခင်ပွန်းဖြစ်သူ ဦးဓနတောင် အတော်လေး စိတ်ထိခိုက်ခံစားနေတာ သူမ မြင်ခဲ့ရသည်.. ဒီလောက်ဆို စိတ်ချရပြီမို့ တင့်စိုးကို ပေးစရာရှိတာ မြန်မြန်ပေးပြီး ဒီကိစ္စကို စာရင်းမြန်မြန်ရှင်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်သည်..။
A/N: (သတိုးအခြေအနေကို ဒေါ်ငုဝါက အဲ့လိုအထင်မှားအောင် သတိုး၊ တေဇနဲ့ ဦးဓန တို့ တိုင်ပင်ပြီး ဆရာဝန်ကြီး အကူအညီနဲ့ ပြင်ဆင်ထားတာပါ)
တင့်စိုးကို လိပ်စာပို့ပြီးနောက်မှာ ဒေါ်ငုဝါ အိမ်ကနေ ထွက်လာခဲ့သည်.. အခုရက်ပိုင်းအတွင်း ဦးဓနကလည်း တစ်ချိန်လုံး ဆေးရုံမှာ ရှိနေတတ်ပြီး Sweetyကလည်း ကုမ္ပဏီကို နေ့တိုင်းသွားနေသောကြောင့် အိမ်မှာ သူမရဲ့ အဝင်အထွက်ကို စောင့်ကြည့်နေမယ့်သူ မရှိပေ..။
အရင်ဆုံး ဘဏ်ကို ဝင်ပြီး တင့်စိုးကို ပေးရမယ့် ပိုက်ဆံတွေကို ထုတ်ယူကာ ချိန်းထားတဲ့ နေရာကို ထွက်လာခဲ့သည်.. ချိန်းထားတဲ့နေရာကို ရောက်တော့ တင့်စိုးက ကြိုရောက်နေပြီး သူမကို စောင့်နေသည်..။
"မလေးကလည်း ပြန်ဆက်သွယ်မယ်ဆိုလို့ ကျွန်တော် စောင့်နေတာ တစ်ပတ်တောင် ပြည့်တော့မယ်.. ကျွန်တော် ဒီကနေ အမြန်ဆုံး ထွက်သွားရမှာကို.."
"အံမယ်.. နင်ကပဲ ပြောရတယ်ရှိသေး.. နင်လုပ်ထားတဲ့ ကိစ္စ သေချာ ပြီးမပြီး ငါစစ်ရသေးတယ်လေ.. အခုတောင် ဟိုကောင်လေးက တစ်ခါထဲ သေသွားတာမဟုတ်ဘူး.. သတိမေ့နေတဲ့ အခြေအနေပဲ ရှိသေးတယ်.. သတိပြန်ရလာဖို့ အခွင့်အရေးနည်းတယ်ဆိုပေမယ့် သတိပြန်ရလာခဲ့ရင် နင့်ကို အခု ငါပေးလိုက်တဲ့ ပိုက်ဆံတွေက အလကားဖြစ်မှာလေ.."
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romanceနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner