အပိုင်း(၄၄)

1.6K 26 0
                                    

"အကိုလေး..အကိုလေး"

"ဘာလဲကွာ.. စောစောစီးစီး ဘာလို့ အော်နေတာလဲ"

အိမ်ထဲဝင်လာတဲ့ ဖိုးဇော်ရဲ့ခေါ်သံကို သတိုး ပြန်ထူးလိုက်လေသည်။

"ဒီမှာ အကိုလေးရဲ့.. ပြစရာရှိလို့"

ဖိုးဇော် လက်ထဲက ဖုန်းကို အကိုလေးကို ပြလိုက်လေသည်။

သတိုးက ဖိုးဇော်ကမ်းပေးတဲ့ ဖုန်းကို ယူပြီး ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်Facebookပေါ် တင်ထားတဲ့ postတစ်ခု..။

"ဒီနေ့ နေ့လည်စာ သွားစားတာ မထင်မှတ်ပဲ ကိုသတိုးနဲ့ သူ့မိန်းမကို တွေ့လိုက်တယ်.. Arrrr မထင်ထားဘူး.. ကိုသတိုးကြီးက အပြင်မှာ အရမ်းroတာပဲ 🥹.. သူ့မိန်းမကိုလည်း တစ်ချိန်လုံး ချစ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာ.. အစ်မကလည်း ဆံပင်အရှည်ကြီးနဲ့ ချောလိုက်တာ မှုံနေရော.. ကိုယ်လည်း ကိုသတိုးနေရာမှာဆို အရိပ်တကြည့်ကြည့်ဖြစ်နေမှာ.. ကိုသတိုးကလည်း  အသားဖြူဖြူ၊ အရပ်ရှည်ရှည်၊ bodyကလည်း ခပ်မိုက်မိုက်နဲ့ အပြင်မှာ သူတို့နှစ်ယောက် အရမ်းလိုက်တာပဲ 😭" လို့ရေးထားပြီး သတိုးတို့ နှစ်ယောက်ရဲ့ ဓါတ်ပုံတွေကိုPublicနဲ့ တင်ထားလေသည်။

ဓါတ်ပုံတွေက သတိုးက မြူ့ကို စားစရာတွေခွံကျွေးနေတဲ့ပုံ၊ မြူ့နှုတ်ခမ်းကို tissueနဲ့ သုတ်ပေးတဲ့ပုံ၊ ပြီးတော့ နှစ်ယောက်သား ရယ်နေကြတဲ့ပုံနဲ့ နောက်ဆုံး သတိုးက မြူ့လက်ဆွဲပြီး ဆိုင်ထဲက ထွက်သွားတဲ့ပုံတွေကို အကွာအဝေးတစ်ခုကနေ ရိုက်ထားတာ ဖြစ်သည်။

ပိုစ့်ကို likeနဲ့ shareလုပ်ထားတဲ့ အရေအတွက်ကလည်း မနည်းသလို အောက်က Commentတွေကို ဖတ်ကြည့်တော့လည်း နှစ်ယောက်သား လိုက်ဖက်တဲ့အကြောင်း၊ ပုံတွေကြည့်ပြီး အားကျတဲ့အကြောင်း၊ မြူ့ကို အရမ်းကံကောင်းတယ်ဆိုတဲ့အကြောင်း စတဲ့ အကောင်းဖက်က ရေးထားတာတွေချည်းဖြစ်သည်.. သတိုးရဲ့ မျက်နှာတစ်ခုလုံးက သကာရည်လောင်းထားသလို ချိုမြနေလေသည်။

မြူက publicသိပ်မထွက်တဲ့သူမို့ ပရိသတ်တွေက သူတို့နှစ်ယောက်ကိုအတူတွဲပြီး သိပ်မမြင်ဖူးကြပေ.. ဒီပိုစ့်ကိုတင်ပေးတဲ့ ကောင်မလေးကိုတောင် စိတ်ထဲက အတော်ကျေးဇူးတင်သွားသည်.. သူမကြောင့် သူတို့နှစ်ယောက်ရဲ့ dateပုံလေးတွေ ရသွားသလို.. မနေ့ကတော့ မြူ့စိတ်အခြေအနေကောင်းဖို့သာ ဂရုစိုက်နေတော့ ဓါတ်ပုံရိုက်ဖို့တောင် သတိုး တကယ် သတိမရခဲ့ပါ.. အခုတော့ ဓါတ်ပုံလေးတွေ အမှတ်တရ သိမ်းထားရမည်။

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now