အပိုင်း (၅၉)

1.7K 43 0
                                    

အခုဆိုရင် သတိုး အလုပ်တွေအနားယူထားတာ ၃လနီးပါးရှိခဲ့ပြီ ဖြစ်သည်.. တစ်နေ့တစ်နေ့ ချစ်ရသူနဲ့ အတူတူ ကုန်ဆုံးရတဲ့ အချိန်တွေက သူ့အတွက်တော့ စိတ်ချမ်းသာရဆုံး အချိန်တွေပဲ.. sign languageကို အတော်လေး နားလည်နေပြီဖြစ်သည်..။

ကုတင်ပေါ်မှာ ခန္ဓာကိုယ်အပေါ်ပိုင်းကို နံရံကိုမှီလျှက် ခြေထောက်ဆင်းကာ ထိုင်နေရင်းနဲ့ ဒီနေ့ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေမိသည်.. အိမ််ထဲမှာ နေတာ နည်းနည်းကြာလာတော့ အပြင်လေးလည်း ထွက်ချင်သလို ဖြစ်နေသည်..။

ထို့နောက်တွင်တော့ အကြံတစ်ခုရကာ အိပ်ယာမှ ချက်ချင်းထလာခဲ့သည်..။

"မြူရေ.. မြူ.. ဘယ်မှာလဲ.."

တမင်တကာကို အသံအကျယ်ကြီး အော်ပြီး အခန်းထဲက ထွက်လာခဲ့သည်.. သူမကတော့ ထုံးစံအတိုင်း သူမရဲ့ ပန်းချီအခန်းထဲတွင် ပန်းချီဆွဲနေတာဖြစ်သည်။

"မြူ အင်္ကျီသွားလဲချည်.. အပြင်သွားကြမယ်"

[ဟင်.. ဘယ်သွားမလို့လဲ..]

"ကိုယ်တို့ မdateဖြစ်တာ ကြာပြီလေ.. ဒီနေ့တော့ movie dateလေး လုပ်ကြရအောင်.."

[ရုတ်တရက်ကြီး.. လက်မှတ်ရော ရပါ့မလား..]

"ရတယ်.. ကိုယ် အခုပဲ bookingလုပ်လိုက်မယ်.. အခု အဝတ်အစားသွားလဲတော့.. အပြန်ကိုလည်း ညစာ အပြင်မှာပဲ စားကြမယ်.."

ပြောချင်တာ ပြောပြီး အကိုက အခန်းပြင်ပြန်ထွက်သွားလေသည်.. အိမ်ရှေ့မှာ ဖိုးဇော်နဲ့ တိုးတိုးတို့ကိုလည်း မနက်က ချက်ထားတဲ့ ထမင်း၊ ဟင်းတွေ ထည့်ယူသွားပြီး အိမ်ပြန်လို့ ရပြီဖြစ်ကြောင်း ပြောနေသံကြားရလေသည်.. အကိုတစ်ယောက်ကလေ လုပ်လိုက်ရင် အဲ့လိုပဲ.. အလောတကြီးတွေ..။

.

သတိုး ကားမောင်းနေရင်းနဲ့ ဘေးနားက သူမကို တစ်ချက်တစ်ချက် လှမ်းကြည့်တော့ သူမလေးက အပြင်ဖက်ကို ငေးကာ လိုက်ပါလာလေသည်.. သူ့ဖက်ကိုတော့ တစ်ချက်မှ လှည့်မကြည့်..။

သူမလက်လေးကိုကိုင်ထားပြီး ကားမောင်းချင်ပေမယ့် သူမအတွက် အဲ့လိုအပြုအမူမျိုးက အဆင်ပြေမည်မဟုတ်.. နဂိုကတည်းက ကားတိုက်မှုကြောင့် စိတ်ဒဏ်ရာရှိခဲ့သူမို့ ကားနဲ့ပတ်သတ်ရင် သူမလေးက နည်းနည်းတော့ အကဲဆတ်သည်..။

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now