အပိုင်း (၈)

2.1K 42 0
                                    

အရောင်းဝန်ထမ်းကောင်လေးက ပစ္စည်းပို့ဖို့ ကိစ္စ ပြောပြီးနောက် မြူလိုအပ်တာ အားလုံး ဝယ်လို့ပြီးသွားပြီ.. အချိန်ကြည့်တော့လည်း သိပ်မကြာလိုက်တာမို့ တစ်နေရာရာ သွားရင် ကောင်းမလား..။

ဗိုလ်ချုပ်စျေးထဲက ပန်းချီကားဆိုင်တွေဖက် မရောက်တာ ကြာပြီ.. ဟုတ်တယ် မြို့ထဲရောက်တုန်း အဲ့ဒီ့ဖက် ခဏဝင်ကြည့်မည်။

ပြီးရင်တော့ Junction Cityထဲဝင်ကာ ကော်ဖီဆိုင်ခဏထိုင်မည်.. လူတွေရဲ့ လှုပ်ရှားသွားလာမှုတွေ ထိုင်ကြည့်ရင်း ပန်းချီကားတွေအတွက် ကုန်ကြမ်းရလိုရငြားပေါ့။
............................

တစ်ခုခုကို စဉ်းစားနေသလိုနဲ့ ခဏအကြာ ညီမလေးက ထီးလေးဆောင်းပြီး ထွက်သွားတော့ ညီမလေးအနောက်မှ သူလိုက်လာလိုက်သည်။

တဖြေးဖြေးနဲ့ ဗိုလ်ချုပ်စျေးထဲ ဝင်ကာ ပန်းချီဆိုင်တွေဖက် အတန်ကြာ ဝင်ကြည့်လေသည်.. ပြီးတော့ တခြား စျေးဆိုင်လေးတွေကိုငေးရင်း စျေးထဲလမ်းလျှောက်သွားနေတဲ့ ညီမလေးက ကလေး တစ်ယောက်လိုပင်..။

ထို့နောက်စျေးထဲက ထွက်ကာ Junction Cityဖက် ကူးသွားတဲ့ ညီမလေးနောက်ကို သူ တောက်လျှောက်လိုက်နေမိသည်။

ညီမလေး တစ်ယောက်ထဲ အပြင်ထွက်တာမျိုး မရှိသလောက်ဖြစ်သည့်အပြင် အခုလို လမ်းလျှောက်ပြီး တစ်ယောက်ထဲ လျှောက်သွားနေတဲ့ ညီမလေးကို လိုက်ကြည့်ရတာ သူ့အတွက် ခံစားချက်အသစ်တွေ ဖြစ်ပေါ်နေသလို..။
...............................................

Junction Cityဖက် ကူးလာခဲ့ပြီး ဟိုဟို ဒီဒီလျှောက်ကြည့်ရင်း အပေါ်ဆုံးထပ်သို့ စက်လှေကားလေးကနေ တက်လာခဲ့သည်။

အပေါ်ဆုံးထပ်သို့ မရောက်ခင်ကပင် ဆယ်ကျော်သက်အရွယ် ကောင်မလေးများ၏ အသံလေးများ ဆူညံနေတာ မြူသတိထားမိသည်။

.

"... လာပြီ.. လာပြီ"

"သတိုး လာပြီဟေ့.. မြန်မြန်လာ.."

"...အားးးး ချောလိုက်တာ...."

"ကိုသတိုး.. ဒီဖက်လေးလှည့်ပါဦး.."

.

အပေါ်ဆုံးထပ်သို့အရောက် ရုပ်ရှင်ရုံရှေ့မှာ ကောင်မလေးများက ဓါတ်လှေကားထဲမှ ထွက်လာသော တစ်စုံတစ်ယောက်ဆီသို့ အပြေးအလွှား သွားကြလေသည်။

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now