အပိုင်း (၄၁)

2K 39 0
                                    

"ဖိုးဇော်.. တိုးတိုးကို ခေါ်ပြီး ပြန်တော့"

"ဗျာ.. အစ်ကိုလေး.."

"မင်းတို့ ပြန်လို့ရပြီလို့ ပြောနေတာ.. မင်းနဲ့ငါ မနက်ဖြန်မှ ရှင်းမယ်.. အခု သူနဲ့ အရင်ရှင်းရမယ်"

"ဟို.. မလုပ်ပါနဲ့ အစ်ကိုလေးရယ်.. အိမ်ကို တခြားသူ ခေါ်တာကို အစ်ကိုလေး မကြိုက်ဘူးဆိုတာ မမလေးက မသိလို့ပါ.. မမလေးကို စိတ်မဆိုးပါနဲ့နော်"

"အဲဒီတော့ ငါမကြိုက်တာ သိရဲ့သားနဲ့ သူစိမ်းကို အိမ်ပေါ်ခေါ်လာတဲ့ မင်းကို အလုပ်ထုတ်ရမလား"

"ဗျာ"

"..."

မြူ ကြားထဲကပဲ ဝင်တားလိုက်ပြီး ဖိုးဇော်ကို ပြန်ခိုင်းလိုက်သည်။

"..."

"ဟို.. ဟို. မမလေး"

"..."

ဖိုးဇော်တစ်ယောက် ဘာလုပ်ရမှန်းမသိ.. အစ်ကိုလေး ဒေါသကို သိနေတော့ မမလေးကိုလည်း စိတ်ပူ.. မမလေးဖက်က ဝင်ပြောရင်လည်း ကိုယ်ပါ အလုပ်ပြုတ်တော့မယ့် အဖြစ်။

နောက်ဆုံးတော့ အစ်ကိုလေး ဒေါသကိုသိတဲ့ ဖိုးဇော်ကပဲ တိုးတိုးကိုခေါ်ကာ နှစ်ယောက်သား မပြန်ချင်ပဲ ပြန်လာခဲ့ရလေသည်။

"ကိုကြီးဖိုးဇော် အစ်ကိုကြီးက အရမ်းဒေါသထွက်နေတာ မမလေးကို ရိုက်နှက်နေရင် ဘယ်လိုလုပ်မလဲဟင်.. တိုးတိုးလေ အစ်ကိုကြီး ဒေါသထွက်တာ အခုမှ ပထမဆုံး မြင်ဖူးတာပဲ.. ကြောက်လိုက်တာ.. မမလေးကိုလည်း စိတ်ပူတယ် ကိုကြီးဖိုးဇော်ရယ်"

"အစ်ကိုလေးက ဒေါသထွက်လွယ်၊ ဒေါသကြီးတတ်ပေမယ့် မိန်းကလေးတစ်ယောက်ကိုတော့ ဘယ်တော့မှ လက်ပါမယ့် လူတော့မဟုတ်ပါဘူး.. သိပ်လည်း စိတ်မပူပါနဲ့.. မမလေးက ဖြေရှင်းနိုင်မှာပါဟာ"

......

"အဲဒီ့ မင်းသန့်ဆိုတဲ့လူနဲ့ ပတ်သတ်တာ ငါ မကြိုက်ဘူးဆိုတာ သိနေရက်နဲ့တောင် မင်းက ငါ့အိမ်ပေါ်ကို သူ့ကို ခေါ်တင်လာတာ ဘာသဘောလဲ နှင်းမြူ!"

[ဘာသဘောမှ မဟုတ်ပါဘူး.. သူက ဒီအတိုင်း မြူ့အတွက် တန်ဖိုးထားရတဲ့ မိတ်ဆွေတစ်ယောက်မို့ အိမ်အလည် ခေါ်တာမိတာပါ.. မင်းသားတစ်ယောက်ဖြစ်တဲ့ ရှင့်အိမ်ကို အပြင်လူ အလည်ခေါ်မိတာတော့ မြူမှားသွားပါတယ်.. မြူ အဲ့လောက်ထိ မစဉ်းစားမိဘူး ဖြစ်သွားတယ်.. ဒါပေမယ့် ဒီကိစ္စကြောင့် ဖိုးဇော်ကိုတော့ အလုပ်မထုတ်ပါနဲ့.. သူနဲ့မဆိုင်တဲ့ကိစ္စပါ]

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now