...Ring...Ring...Ring..."ဟဲလို သမီးကြီး"
"မေမေ.. အရေးကြီးကိစ္စရှိလို့ ပွဲကိုမလာဖြစ်ဘူးဆိုလို့ ဘာဖြစ်လို့လဲဟင်"
"ဟုတ်တယ် သမီးကြီးရယ်.. သမီးညီမလေး မြူရယ်လေ.. သတိမေ့သွားလို့ မေမေတို့အားလုံးအခု ဆေးရုံမှာ.."
ဒင်းပဲလား..။ မြတ်မေ စိတ်ထဲ နည်းနည်းတော့ ခံပြင်းမိသွားသည်။
"သူက ဘာဖြစ်တာလဲ.. စိုးရိမ်ရလို့လား"
"အကြောက်လွန်ပြီး သတိမေ့သွားတာပါ.. အခုတော့ မစိုးရိမ်ရတော့ပါဘူး.. ဒါပေမယ့် ဒီညတော့ မေမေတို့ ဆေးရုံမှာပဲ ရှိနေမှာ.. သမီးတို့ပွဲရော ဘယ်လိုလဲ အဆင်ပြေရဲ့လား"
သြော်.. မေမေရယ်.. ဘာမှမဟုတ်တဲ့ ကိစ္စလေးကို မေမေတို့က အဲ့လောက်တောင်ဖြစ်နေကြတာလား။ သမီးရဲ့ ပွဲကို မလာပဲနဲ့လေ။
"အဆင်ပြေပါတယ် မေမေ.. သမီးလည်း ဒီနေ့ည ဟိုတယ်မှာပဲ အကုန်လုံးစုအိပ်ကြမှာဆိုတော့ အိမ်မပြန်တော့ဘူး.. မနက်ဖြန်မှပဲ အေးဆေးပြန်လာတော့မယ်"
"အေး အေး.. အေးဆေးနေ သမီး.. သမီးကြီးရဲ့ပွဲကို မေမေတို့ မတက်ဖြစ်တာ နားလည်ပေးနော် သမီး"
"ဟုတ်ကဲ့.. သမီးနားလည်ပါတယ် မေမေ.. အဲ့ဒါဆို ဒါပဲနော်"
"အေး အေး သမီး.. မေမေ ဖုန်းချလိုက်တော့မယ်.."
နှင်းမြူ နင်ပဲလား.. အမြဲတမ်း င့ါဆီကနေ ဖေဖေတို့ကို လုယူတာ မလုံလောက်လို့ အခုလို ငါ့အတွက်အရေးကြီးတဲ့ ပွဲမှာတောင် ထပ်ပြီး လုယူသွားသေးတယ်.. ဒီအချိန်လေးအတွက် တစ်နှစ်လုံး ငါဘယ်လောက် ကြိုးစားခဲ့ရလဲ နင်သိလား.. နင်က င့ါအတွက် တကယ့် အတားအဆီးပဲ.. ငါ့ကို ငါ့မိသားစုကနေ အမြဲတမ်းခွဲထုတ်နေတဲ့ နင့်ကို ငါကလည်း ငါ့မိသားစုကနေ ဆွဲထုတ်ရမယ်.. သိပ်မကြာတော့ပါဘူး နင်စောင့်နေလိုက်တော့ နှင်းမြူ..။
........................................................
"ကိုဇော် သူဇာ့ ဆေးစစ်ဖို့ကိစ္စ နောက်တစ်ခေါက်မှ သွားလို့မရဘူးလား"
ထမင်းစားခန်းထဲ မနက်စာ စားနေကြရင်း ဒေါ်သူဇာရဲ့ စကားကြောင့် အားလုံး စားနေကြရင်း တစ်ခဏရပ်တန့်သွားသည်။
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romanceနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner