တေဇတစ်ယောက် သူ့ရုံးခန်းထဲမှာ CCTVမှတ်တမ်းတွေကို ထိုင်ကြည့်နေရင်းမှ နားလည်လိုက်သည်က နှင်းမြူ ရေကန်ထဲပြုတ်ကျသွားခြင်းက မတော်တဆမဟုတ်..။
တစ်ဖက်လူက တမင်ရည်ရွယ်ပြီး ရေထဲကို ပြုတ်ကျအောင် တွန်းတိုက် တိုးဝှေ့သွားခြင်းသာ.. နှင်းမြူ ရေထဲပြုတ်ကျသွားတာကိုလည်း သေချာအောင် ကြည့်ပြီးမှ ထွက်သွားခြင်းဖြစ်လေသည်။
"ညီညီ.. အဲဒီ့လူရဲ့ အချက်အလက်တွေကရော.."
"ဟို.. အစ်ကို.. အဲ့ဒါကလေ အဲဒီ့လူက အဲ့နေ့ကမှ VIP memberကြေးပေးပြီး registerလုပ်သွားတာ.. နောက်ပြီး နောက်ရက်တွေလည်း မလာတော့ဘူး"
"ဟင်..."
"သူ့ဖုန်းနံပါတ်တွေ.. လိပ်စာတွေကရော.."
"ဟို.. အဲ့ဒါတွေကလည်း အစစ်မဟုတ်ဘူးအစ်ကို.. ကျွန်တော် အတည်ပြုပြီးပြီ"
"ဟာကွာ.. တောက်..."
အဲ့လူက ဘယ်သူလဲ.. ဘာအတွက်နဲ့ ဒီကိစ္စကို လုပ်ခဲ့တာလဲ.. ။
"အေး.. အေး.. သွားတော့.. နောက်ကို ဒီgymမှာ registerလုပ်တဲ့သူတိုင်းကို မှတ်ပုံတင်ယူလာခိုင်းပြီး အတည်ပြု.. ပြီးရင် copyသိမ်းထားလိုက်"
"ဟုတ်ကဲ့ အစ်ကို"
သူ့ရုံးခန်းထဲက ညီညီထွက်သွားတော့ သူ့မှာ စဉ်းစားစရာတွေ အများကြီးကျန်ခဲ့လေသည်..။
အခုကိစ္စက မတော်တဆမဟုတ်.. တမင်တကာ လုပ်ကြံမှု.. အဲဒီ့လုပ်ကြံမှုက ဘယ်သူ့ကို ရည်ရွယ်တာလဲ.. နှင်းမြူလို အေးအေးဆေးဆေး နေတတ်တဲ့ ကောင်မလေးမှာတော့ ရန်ညှိိုးရှိတဲ့သူ ရှိမည်မဟုတ်.. ။
အဲဒါဆို သတိုးရဲ့ ရန်သူလား.. စိတ်ရင်းကောင်းပေမယ့် အပြောဆိုးတဲ့ သူငယ်ချင်းကို အညှိုးအတေးထားသူတစ်ယောက်ယောက်များလား.. ဒါမှမဟုတ် သူ့ရဲ့ ပြိုင်ဖက်တွေက သူ့gymမှာ accident တစ်ခုခုဖြစ်ပြီး နာမည်ပျက်အောင် လုပ်ကြံခိုင်းတာမျိုးလား..။
ဘာပဲဖြစ်ဖြစ် လူ့အသက်နဲ့ ပတ်သတ်နေတဲ့ ကိစ္စပေ.. ပြီးတော့ သူ့အချစ်ဆုံး သူငယ်ချင်းရဲ့ မိသားစုဝင် တစ်ယောက်ကို ဆုံးရှုံးရတော့မလိုဖြစ်ခဲ့တာ..။
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Storie d'amoreနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner