အပိုင်း (၄၀)

1.8K 24 1
                                    

"ကိုကို ခဏထိုင်ဦးနော်.. မြူတို့က ဒီနေ့ မုန့်ဟင်းခါး ချက်စားကြမလို့ ကိုကို စားပြီးမှ ပြန်ရမယ်နော်"

"ကောင်းပါပြီဗျာ"

မြူ မီးဖိုချောင်ထဲ ဝင်လာလိုက်ပြီး မုန့်ဟင်းခါးချက်ဖို့ လိုအပ်တာတွေ ပြင်ဆင်ပေးနေလိုက်သည်။

ဖိုးဇော်ပြောပြလို့ ဟိုတစ်ယောက်က မုန့်ဟင်းခါးအရမ်းကြိုက်တယ် ဆိုလို့ ဒီနေ့ အိမ်မှာ လူစုံတုန်း ချက်စားမလို့ စျေးသွားဝယ်တာ ကိုကိုနဲ့ တွေ့တာပဲ ဖြစ်သည်.. ကိုကို့ကိုပါ တစ်ခါထဲ မုန့်စားပြီးမှ ပြန်ခိုင်းရမည်။

..

"ဟယ်လို အောင်အောင်.. ငါ ဒီနေ့ ပွဲရုံကို ပြန်မရောက်နိုင်လောက်တော့ဘူး.. မင်းပဲ လုပ်စရာရှိတာတွေ လုပ်ထားလိုက်တော့"

"...."

"အမေက ဘာမှမဖြစ်ပါဘူး.. အမေမှာတာတွေ မရလို့ ငါ ပတ်ဝယ်ပေးရမှာ မို့လို့ကွာ.. ဒါပဲ"

"..."

"အေး ပြီးရော.. ကိစ္စရှိရင် ဖုန်းဆက်လိုက်"

"..."

"အေး.. အေး.. ဒါပဲ"

မင်းသန့် တပည့်ဖြစ်သူ အောင်အောင်ကို အိမ်က အမေကို အကြောင်းပြပြီး အလုပ်ကိစ္စတွေ လွှဲလိုက်ရသည်.. ညီမလေးနဲ့တွေ့နေလို့ဆိုပြီး ပြောလိုက်ရင် ဒီကောင် လျှာရှည်တာနှင့် ပြီးမှာ မဟုတ်တော့။

ဖုန်းချပြီး ခဏအကြာ ညီမလေးက အအေးခွက်လေးကိုင်ကာ ဧည့်ခန်းကို ထွက်လာလေသည်။

"ကိုကိုလာလည်လို့ ညီမလေး အလုပ်ရှုပ်နေပြီလား"

"မရှုပ်ပါဘူး ကိုကိုရဲ့.. မြူက အလည်ခေါ်တာပဲကို.. နောက်ပြီး မုန့်ကလည်း နဂိုထဲက ချက်စားမယ်ဆိုပြီး စီစဉ်ထားတာ.. ကိုကိုက စားရကံကြုံသွားတာပါ"

"ကောင်းပါပြီဗျာ.. ညီမလေး လက်ရာလေး ကိုကို မြည်းခွင့်ရတာပေါ့"

"ဒါနဲ့ ညီမလေး အမျိုးသားရော.. အလုပ်သွားတာလား"

"သူက ဒီနေ့ ရိုက်ကူးရေးမရှိဘူး.. အပြင်ခဏသွားတယ်.. ညနေ ပြန်လာမယ်တဲ့.. ဖိုးဇော်က သူ့ရဲ့မန်နေဂျာလေ.. ဒီနေ့တော့ အိမ်မှာပဲ အလုပ်ကူရအောင် ထားခဲ့တယ်"

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now