အပိုင်း (၉)

1.7K 29 0
                                    

"မင်း ငါ့ကို ဒီလိုပုံစံနဲ့ အမိဖမ်းဖို့ ကြိုးစားတာလား ယမုံ.. မင်းက ငါထင်တာထက် ပိုခြေလှမ်းသွက်ပါလား.. ဟင်"

"အမိဖမ်းတယ်တဲ့လား သတိုး.. ယမုံ ဘာအတွက်နဲ့မှ အဲ့လိုအလုပ်မျိုး မလုပ်ဘူးနော်.. အခုက ယမုံ တကယ်ကို သတိုးကိုယ်ဝန်လွယ်ထားရတာပါ"

"ဟ.. အဲ့ဒါ မင်းကိစ္စလေ.. မင်းနဲ့ငါနဲ့က အစထဲက partnerတွေ အနေနဲ့ ဒီ relationship ကို သဘောတူခဲ့ကြတာ"

"partner တစ်ယောက်အနေနဲ့ တာဝန်ယူတယ်ဆိုတဲ့ ကိစ္စက မလိုအပ်ဘူးဆိုတာ မင်းသိပါတယ်.. နောက်ပြီး ငါအမြဲတမ်း အကာအကွယ်သုံးတယ်ဆိုတာ မင်းအသိဆုံး"

"မင်းမှာ ငါ့အပြင် တခြား အကောင်တွေရှိတယ်ဆိုတာ ငါမသိဘူးများမှတ်နေတာလား.. မင်းရဲ့ တခြားကောင်တွေနဲ့ ဖြစ်ခဲ့တဲ့ ကိစ္စကို ငါ့ကိုလှည်းကျိုး လာမထမ်းခိုင်းနဲ့.. မင်းနဲ့ငါ ဇာတ်လမ်းပြီးပြီ.. မင်းကိစ္စမင်းရှင်း"

သတိုး ပြောပြီးတာနဲ့ စားပွဲပေါ်က ကားသော့ယူပြီး ဟိုတယ်အခန်းထဲက ထွက်လာလိုက်သည်။

ဒီလိုပါပဲ.. သူ့အနားက မိန်းမတွေက ယောက်ျားတွေကို အပိုင်ဖမ်းဖို့ ကြိုးစားနေသူတွေချည်းပဲ.. သူ့လိုနာမည်ကြီး မင်းသားတစ်ယောက်ကိုဆို ပိုပြီးတော့တောင် အမိဖမ်းချင်ကြသေး။

သူကလည်း မိန်းမတွေကို အထင်မကြီး.. သူ့အတွက် အပျင်းပြေစရာ.. သူ့ရဲ့ တဒင်္ဂအသွေးအသား လိုအပ်မှုကို ဖြည့်ဆည်းပေးစရာ အဖြစ်သာ သဘောထားသည်။

အခုလည်း မြကြေးယမုံဆိုတဲ့ အဲ့မိန်းကလေးက သူ့ကို အပိုင်ဖမ်းဖို့ ကြိုးစားနေတာ သူသိပါသည်.. ရုပ်ကလေးလှပြီး ဆွဲဆောင်မှုရှိတဲ့ သူဌေးသမီးလေး ယမုံနှင့် နှစ်ဦးသဘောတူ partner ဆက်ဆံရေးစတင်ခဲ့သည်။

တစ်ယောက်လိုအပ်ချိန် တစ်ယောက်ရှိပေးဖို့နဲ့ လူသိရှင်ကြား တွဲသွားတွဲလာ မလုပ်ဖို့က သူတို့ သဘောတူညီချက်။

အဲ့ဒီ့ သဘောတူညီချက်ကြောင့်ပဲ ထိုမိန်းကလေးက သူ့နောက်ကွယ်မှာ တခြားယောက်ျားတွေနဲ့ စိတ်ကြိုက်တွဲသွားနိုင်တာ သူသိပါသည်.. စိတ်လည်း မဝင်စားပါ.. ဒါ သူ့ကိစ္စပဲလေ။

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now