"မမြတ်မေလွန်း.. ဘာများထပ်ပြီး မှာချင်သေးလဲဗျ.. ကျွန်တော်က ဒီအတိုင်း အဆင်ပြေမယ်ထင်တာလေးတွေတော့ မှာပေးထားပေမယ့် မမြတ်မေလွန်း အကြိုက်နဲ့ မကိုက်မှာစိုးလို့ပါ"
"ရပါတယ်.. အခု ကိုမင်းသန့် မှာထားတာတွေတင် လုံလောက်တာထက် ပိုနေပါပြီ"
"ဟုတ်ကဲ့.. အန်ကယ်ကျော်ကလည်း ပြီးခဲ့တဲ့ ပွဲကိစ္စ မမြတ်မေလွန်းကို အရမ်းကျေးဇူးတင်နေတော့ ကျွန်တော့်ကို မမြတ်မေလွန်းအတွက် Thank You Dinnerလေး စီစဉ်ပေးပါဆိုလို့လေ.. ကျွန်တော့်ဖက်က လိုအပ်ချက်ရှိသွားမှာ ကျွန်တော်က စိုးရိမ်နေတာ"
"မြတ်က ကိုယ့်အလုပ်ကိုယ်လုပ်ခဲ့ရုံပါပဲ.. ဒါနဲ့ မြတ်တစ်ခုလောက် တောင်းဆိုလို့ရမလား"
"ဪ.. ရပါတယ်ဗျ.. ဘာများထပ်မှာချင်လို့လဲ"
"ဘာမှ မမှာပါဘူး.. မြတ်တောင်းဆိုမယ်ဆိုတာက ကိုမင်းသန့်အနေနဲ့ မြတ်ကို စကားပြောရင် တရင်းတနှီး မြတ် လို့ပဲ ခေါ်ပါလား.. မြတ်က ကိုမင်းသန့်ထက်လည်း ငယ်တာပဲကို.. ခက်ခက်ကိုတောင် နာမည်အပြည့်အစုံမခေါ်ပဲ ခက်ခက်လို့ပဲ ခေါ်တာမလား"
"ဗျာ... ဪ ဟုတ်ကဲ့.. ကျွန်တော်က မမြတ်မေ.. အဲ.. မြတ်နဲ့ကကျတော့ လုပ်ငန်းခွင်ကနေ ရင်းနှီးတာမို့လို့ လေးစားသမှုနဲ့ နာမည်အပြည့်အစုံခေါ်မိတာပါ.. စိတ်ထဲ အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်"
"အဟင်း.. စိတ်အနှောင့်အယှက်ဖြစ်တာတော့ မဟုတ်ပေမယ့် ဒီအတိုင်း ကိုမင်းသန့်က နာမည်အပြည့်အစုံကြီး ခေါ်ခေါ်နေရတာ ပင်ပန်းတယ်ထင်လို့ပါ.. နောက်ပြီးတော့ မြတ်ကိုလည်း အလုပ်ကြောင့်မဟုတ်ပဲ ဒီအတိုင်း မိတ်ဆွေရင်းတွေလို ခင်မင်လို့ရပါတယ်"
"ဟုတ်ကဲ့ပါ.. ကျွန်တော် မိတ်ဆွေရင်းတွေလို သဘောထားပါ့မယ်ဗျ.. သုံးဆောင်ပါဦး"
"ဟုတ်ကဲ့"
မြတ် မျက်စိရှေ့က ဒီလူကို အခုချိန်ထိ အကဲခတ်မိသလောက် ရိုးသားပြီး အလုပ်ကြိုးစားသလောက် မောက်မာ၊ ထောင်လွှားမှု လုံးဝမရှိ.. လူတိုင်းအပေါ် လေးလေးစားစားနဲ့ ဆက်ဆံတတ်ပြီး တည်ကြည်ကာ အနေအထိုင်လည်း အေးဆေးလှသည်.. သူ့လက်ဦးဆရာဆိုသူ အန်ကယ်ဦးအောင်ကျော်ရဲ့ လက်စွဲဖြစ်နေတာ အဆန်းတော့ မဟုတ်ပေ..။
![](https://img.wattpad.com/cover/345338396-288-k178002.jpg)
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romanceနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner