အပိုင်း (၅၂)

1.6K 28 0
                                    

Ring.. Ring...

"အေး ပြော သတိုး"

"အေး.. မင်းစုံစမ်းနေတဲ့ကိစ္စ အခြေအနေ ဘာထူးလဲ သိချင်လို့.."

"ဘာမှမထူးသေးပါဘူးကွာ.. လုံးဝအစအနပျောက်နေတာ ထူးဆန်းတယ်.. လောလောဆယ်တို့ မင်းတို့ သတိနဲ့နေကြကွာ"

"အေးပါ.. ငါလည်း အခု seriesက ဘယ်နှစ်ရက်မှ မကျန်တော့ဘူး.. အဲ့ဒါပြီးရင်တော့ ငါအလုပ်တွေခဏနားပြီး မြူ့နားမှာပဲ နေမလို့.."

"အေး ကောင်းတယ်.. ဘယ်သူ့ကို မကျေနပ်လို့ လုပ်တာလဲ မသိနိုင်တော့ မင်းလည်း ဂရုစိုက်ဦး"

"အေးပါ.. ငါ့ကို စိတ်ချ.. အဲ့ဒါဆို ဒါပဲကွာ.. အကြောင်းထူးရင် လှမ်းပြောဦး"

"အေး..အေး"

အခြေအနေက ဘာမှန်းမသိရနေသေးတာကို သတိုးစိတ်ထဲသိပ်တော့ ဘဝင်မကျ.. အဲ့ကောင်ကို မိမှ ဘာလို့အခုလိုလုပ်တာလဲ.. ဘယ်သူကခိုင်းတာလဲ.. ဘယ်သူ့ကို ရည်ရွယ်ပြီးတိုက်ခိုက်တာလဲ သိနိုင်မည်။

သူလည်း အလုပ်တွေ မြန်မြန်ဖြတ်ကာ မြူ့အနားမှာ အမြဲရှိနေမှရမည်။

.....................................

"သား‌ရေ.. အလုပ်လုပ်နေတာလား.. အမေ ဝင်လာလို့ရလား"

"ဟုတ် ရတယ် အမေ.. ဝင်လာခဲ့လေ"

မိခင်ဖြစ်သူရဲ့ ခွင့်တောင်းမှုကို မင်းသန့် အသိအမှတ်ပြုလိုက်လျှင် အခန်းတံခါးဖွင့်ကာ နွားနို့ခွက်လေးကိုင်ပြီး ဝင်လာတဲ့ မိခင်ဖြစ်သူကို တွေ့လိုက်ရသည်။

"အလုပ်ရှုပ်နေလား သား.. ရော့ နွားနို့သောက်လိုက်ဦး.."

"ဟုတ်.. နည်းနည်းပါ အမေ.. အမေရော မအိပ်သေးဘူးလား.. သားက အမေ အိပ်နေပြီထင်တာ"

"မအိပ်သေးပါဘူး သားရယ်.. ဟိုလုပ် ဒီလုပ်နဲ့ .. အမေလည်းခုနမှ ဘုရားရှစ်ခိုးပြီးတာ.. အဲ့ဒါ သားအတွက် မအိပ်ခင်နွားနို့သွားပေးလိုက်ဦးမယ်ဆိုပြီး ဝင်လာတာ"

"အမေရယ်.. သားက အမေကို မပြုစုရပဲ.. အမေက သားကို ပြုစုနေရတယ်လို့.."

"ဪ အမေ့သားလေးက တစ်နေ့တစ်နေ့ အမေ့ကို ရှာကျွေးဖို့ ဒီလောက် အလုပ်တွေ ကြိုးစားနေတာကို အမေက ပြုစုရမှာပေါ့.. အမေတို့မှာ ပြေးကြည့်မှာ ဒီအမေနဲ့ ဒီသားရှိတာကို.."

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now