ဖေဖေနဲ့ မေမေ.. ဘာလို့ သမီးကို တစ်ယောက်ထဲ ထားခဲ့ပြီး ထွက်သွားရတာလဲ.. သမီးတစ်ယောက်ထဲ ဒီလောကကြီးမှာ အသက်ရှင်ရတာ အရမ်းပင်ပန်းတယ်.. ဖေဖေနဲ့မေမေ သမီးကို တစ်ခါထဲ ခေါ်သွားခဲ့သင့်တာ..အဟင့်..ဟင့်..
အခုလည်း သမီးဘဝက အရှက်ကွဲခဲ့ရပြီ.. ယောက်ျားတစ်ယောက်နဲ့ ဟိုတယ်ခန်းထဲမှာ အတူရှိနေတာကို လူတွေအရှေ့မှာ မိသွားတာတဲ့.. သမီးသိပ်ရှက်တယ်.. သမီး အရမ်းရှက်လိုက်တယ်..အဟင့်..
သမီး ဘာလုပ်ရမလဲ.. မမမြတ်က အဲ့လူနဲ့ လက်ထပ်ရမယ်တဲ့.. သမီး လက်မထပ်ချင်ဘူး.. လက်မထပ်ရင်လည်း အရှက်ကွဲမယ်.. သမီး ဘာလုပ်ရမလဲ.. သမီးကို ကယ်ပါဦး ဖေဖေနဲ့ မေမေ...
လေးလေးတို့ အန်တီသူဇာတို့က သမီးကို အထင်သေးသွားရင်ရော.. သမီးဘာလုပ်ရမလဲ.. သမီး လေးလေးမျက်နှာကိုလည်း မကြည့်ရဲဘူး.. ဘယ်သူနဲ့မှလည်း မတွေ့ချင်ဘူး.. သမီး ဘာလုပ်ရမလဲ.. အဟင့်..အဟင့်..။
မြူတစ်ယောက် အခန်းထောင့်လေးမှာ နံရံကိုမှီပြီး ဒူးနှစ်ဖက်ကိုထောင်ကာ လက်နှစ်ဖက်က ထိုဒူးနှစ်ဖက်ကို ပိုက်ထားရင်း မျက်နှာကိုငုံ့ပြီး ငိုနေမိတာ ဘယ်လောက်ကြာပြီမသိ..။
..ချောက်..
တံခါးဖွင့်သံ ကြားလိုက်ရလို့ လှမ်းကြည့်လိုက်တော့ လေးလေးက အခန်းထဲဝင်လာသည်။
မြူ မျက်ရည်တွေ ဝိုင်းနေတဲ့ မျက်ဝန်းတွေနဲ့ လေးလေးကို မော့ကြည့်နေမိသည်.. သူ့ကို အထင်မသေးဖို့ မျက်ဝန်းတွေကတဆင့် လေးလေးကို အသနားခံနေမိလားမသိတော့..။
"သမီးမြူ.. သမီးလေးရယ်"
ဦးဇော်လွန်းတစ်ယောက် အခန်းထဲဝင်လိုက်သည်နှင့် အခန်းထောင့်မှာ ငိုနေတဲ့ တူမလေးက သူ့ကို အငိုမျက်ဝန်းတွေနဲ့ မော့ကြည့်နေသည်.. ဒီလို မျက်ဝန်းတွေ သူ မြင်ဖူးသည်.. သူမလေးရဲ့ မိဘတွေ ကွယ်လွန်သွားတုန်းက၊ စကားမပြောနိုင်တော့ဘူးဆိုတာ ပထမဆုံး သိသွားတဲ့အချိန်က အားကိုးရာမဲ့သွားတဲ့ မျက်ဝန်းတွေ..။
အနားကိုသွားပြီး တူမလေးကို ပွေ့ဖက်ပေးလိုက်သည်။
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romanceနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner
