အပိုင်း (၃၅)

1.7K 24 0
                                    

"ရော့"

"ဒါ.. ဘာဖိတ်စာလဲ ဒါရိုက်တာကြီး"

"ငါတို့ မင်္ဂလာနှစ်ပတ်လည်ဖိတ်စာ.. မင်း သေချာပေါက်လာခဲ့ရမယ်နော် သတိုး"

"အာ.. လာရမှာပေါ့ ကိုယ့်ဆရာပွဲပဲကို"

"တစ်ယောက်ထဲတော့ ပွဲတက်လို့မရဘူးနော်.. စုံတွဲ ပွဲတက်ရမှာ"

"ဗျာ.. ကျွန်တော့်အမျိုးသမီးက အဲ့လို လူများတဲ့ပွဲတွေ တက်လေ့မရှိဘူး ဆရာ"

"ရအောင် ပြောပြီး ခေါ်လာပေါ့ကွာ.. မင်းအမျိုးသမီးကိုလည်း အနုပညာအသိုင်းအဝိုင်းက သိပ်မရင်းနှီးကြသေးဘူးမလား.. အခုက အိမ်ထောင်သည်အနုပညာရှင်တွေအကုန် စုံတွဲလိုက်လာကြမှာကွ.. မင်းလည်းခေါ်လာခဲ့ ဒါပဲ"

ပြောချင်ရာ ပြောပြီး ထွက်သွားတဲ့ သူ့ဆရာ ဒါရိုက်တာကြီးကို ကြည့်ပြီး သတိုးရဲ့ အတွေးတွေက တစ်ယောက်သောသူဆီ..။

.........

"နှင်းမြူ မင်းကို ပြောစရာရှိလို့.. မင်းအတွက် ခက်ခဲလောက်မယ်ဆိုတာ နားလည်ပေမယ့် ဒီတစ်ခါတော့ ကူညီပေးစေချင်တယ်"

"..."

ရုတ်တရက်ကြီး စကားအတည်ပေါက်တွေ လာပြောနေတဲ့ သူ့ကိုကြည့်ပြီး မြူ ဘယ်လိုတုန့်ပြန်ရမလဲတောင် မသိ။

သူ့ပြောစကားမှာ မျက်လုံးဝိုင်းလေးတွေနဲ့ သူ့ကို ကြည့်နေတဲ့ ဒီကောင်မလေးကို သူ အရဲစွန့် အကူအညီတောင်းရမှာပဲ.. သူမက လူတွေအများကြီးနဲ့ ဆက်ဆံရတာ မကြိုက်မှန်း သိပေမယ့်လည်း ဆရာရင်း ဒါရိုက်တာကြီးရဲ့ပွဲမို့ နှစ်ယောက်စုံတွဲတက်မှ ကောင်းမည်လေ။

စားပွဲပေါ်ကို ဖိတ်စာကို ချပေးလိုက်ပြီး..

"ဒါက ကိုယ့်ဆရာ ဒါရိုက်တာဦးအောင်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲဖိတ်စာ"

"..."

"အဲ့ဒါ ဒါရိုက်တာကြီးက ကိုယ့်ကိုဖိတ်လိုက်တယ်"

"..."

"မင်းနဲ့အတူ ပွဲတက်ပေးဖို့"

[ဟင်]

မျက်လုံးဝိုင်းလေးတွေက ပိုပြီးပြူးကျယ်သွားပြီး လက်တွေ၊ ခေါင်းတွေ အတင်းခါငြင်းနေတဲ့ သူမကို အားနာပေမယ့်လည်း မတတ်နိုင်။

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now