Flash.. Flash
[ညီမလေး.. ကိုကို ညီမလေးနဲ့တွေ့ချင်လို့.. အချိန်ပေးနိုင်မလား.. ညီမလေးအဆင်ပြေရင် ကိုကို့ကို message ပြန်ပို့ပေးပါ]
ကိုကို့ဆီက messageကို အကြိမ်ကြိမ်ပြန်ဖတ်ရင်း မြူစဉ်းစားနေမိသည်.. မြူ ကိုကိုနဲ့မတွေ့ခဲ့တာ အခုဆိုရင် ၂လကျော်ပြီ.. စစချင်းတုန်းကတော့ ရှက်တဲ့စိတ်ကြောင့် ကိုကို့ကို မျက်နှာချင်းမဆိုင်ရဲတာဖြစ်ပြီး အခုတော့လည်း ရင်မဆိုင်ရဲတာမျိုးတော့ မဖြစ်တော့ပေ။
သူမအတွက် အမြဲမိတ်ဆွေကောင်းဖြစ်ပေးခဲ့တဲ့ ကိုကို့ကို သူမ အချိန်အကြာကြီး ဥပေက္ခာပြုနေဖို့တော့ မသင့်လို့ ထင်သည်။
[ ဟုတ်ကဲ့.. မြူ ဒီရက်ထဲတော့ အားပါတယ်]
ညီမလေးဆီက ပြန်စာလေး ရောက်လာတာ သူ့မျက်လုံးတွေတောင် သူမယုံနိုင်.. ညီမလေးက သူ့ကို အဆက်အသွယ်မလုပ်တာ ၂လကျော်ပြီမလား..။
[အဲ့ဒါဆို မနက်ဖြန် နေ့လည် ၂နာရီလောက် ကိုကိုလာခေါ်မယ်နော်.. ဘယ်ကို လာခေါ်ပေးရမလဲ]
ညီမလေးက သူ့အမျိုးသားနဲ့ပြောင်းသွားတဲ့အိမ်ကို သူမသိသောကြောင့် မေးလိုက်ခြင်းဖြစ်သည်။
[လေးလေးတို့ အိမ်ကိုပဲ လာခေါ်လို့ ရပါတယ်.. မြူ အခု လေးလေးတို့အိမ်မှာ ခဏလာနေနေတာ]
[အိုကေ.. အဲ့ဒါဆို မနက်ဖြန် နေ့လည် ၂နာရီ ကိုကိုလာခေါ်မယ်.. ညီမလေး အဆင်သင့်စောင့်နေနော်]
[ဟုတ်ကဲ့]
......"ညီမလေး.. စားလို့ကောင်းရဲ့လား.."
"..."
"ကိုကိုလည်း လုပ်ငန်းတိုးချဲ့ဖို့ ကိစ္စတွေနဲ့ နယ်ရောက်နေလို့.. ညီမလေးနဲ့မတွေ့ဖြစ်တာ ၂လတောင်ကျော်သွားပြီနော်"
ကိုကိုက အရင်အတိုင်း မြူ့အတွက် နွေးထွေးနေဆဲပင်.. ဘာမှမဖြစ်ခဲ့သလို ဘယ်လိုအကြောင်းအရာကိုမှလည်း အစဖော်တာမျိုး မလုပ်တဲ့အတွက် ကိုကို့ကို မြူတကယ် ကျေးဇူးတင်ရပါသည်။
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romanceနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner