"အီး ဟီး ဟီး.. မေမေရေ ဖေဖေရေ သမီးကြောက်တယ်.. မေမေ ထပါဦး.. ဖေဖေရေ အီး.. ဟီး.. ဟီး"
နားထဲမှာ သမီးလေးရဲ့ အသံ.. သူမနဖူးဆီမှလည်း ခပ်ပျစ်ပျစ်အရည်တချို့ စီးကျနေသည်.. ထိတ်လန့်သွေးပျက်စရာ အဖြစ်အပျက်တို့ကြောင့်လည်း သူမ နှလုံးခုန်သံတို့က ပြင်းထန်နေပြန်သည်.. အတတ်နိုင်ဆုံး အားယူပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့ခဏမှာ...။
"မေမေရေ မေမေ အီး.. ဟီး.."
"သ..သမီးလေး သမီးလေး ဘာဖြစ်သွားသေးလဲ"
"မေမေ မေမေ သမီးကြောက်တယ် အီး.. ဟီး.."
"မကြောက်နဲ့နော် သမီးလေး မေမေရှိတယ်.."
မောင်.. မောင်ရော
ဘေးနားကို ကြည့်လိုက်တော့ မောင်က မလှုပ်မယှက် သတိလစ်နေသလိုပဲ.. မောင့်ရဲ့ မျက်နှာတစ်ခုလုံး သွေးချင်းချင်းရဲနေသည်။
"မောင်.. မောင်.. သတိရပါဦး.. မောင် ထပါဦး.. မောင်ရေ"
နာကျင်နေတဲ့ တစ်ကိုယ်လုံးရဲ့ ရှိသမျှ အားတွေနဲ့ လက်တစ်ဖက်ကို အားယူပြီး မောင့်ကို လှုပ်နှိုးကြည့်ပေမယ့် မောင့်ဖက်က ငြိမ်သက်စွာ..။
ဘုရားရေ.. သူမ ထင်နေသလို မဟုတ်ပါစေနဲ့.. နောက်တစ်ကြိမ် ရှိသမျှအင်အားနဲ့ မောင့်အသက်ရှုငွေ့လေးကို စမ်းသပ်ကြည့်ချိန်မှာတော့...။
သူမရဲ့ ကမ္ဘာကြီးရပ်တန့်သွားသလိုပဲ.. မောင်.. မဟုတ်ဘူးမလား.. မောင်.. နှင်းကို မနောက်ပါနဲ့နော်။
"မောင်.. ထပါဦး.. မောင်.. နှင်းကိုကြည့်ပါဦး.."
"မောင်ရေ.. မောင်.. မောင် ထပါဦးလို့"
.
.
."မောင်ရေ.. မောင်.. နှင်းကို ဒီလိုမျိုးတော့ မစပါနဲ့နော်.. မောင် ထပါဦး.. မောင်.."
"အီး ဟီး ဟီး.. မေမေ သမီးကြောက်တယ်.. ဖေဖေ ဖေဖေ.. အီး ဟီး.."
မောင့်ကို သွေးရူးသွေးတန်း အော်ခေါ်နေမိရင်းနဲ့မှ သူမရဲ့ နှလုံးသားဆီမှ ဝေဒနာတို့ လှိုက်တက်လာခဲ့သည်။ နှလုံးသားတစ်ခုလုံးကို ဆုတ်ခြေပစ်လိုက်သလို စူးမျက်တဲ့ ခံစားချက်တို့နဲ့ သူမအသံတို့ တိမ်ဝင်လာခဲ့ပြီ။
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Roman d'amourနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner