"ဒါဆို ဘယ်လိုအခါမျိုးတွေမှာ အဲဒီအိပ်မက်ကို မက်လေ့ရှိလဲ"
ဒေါက်တာ သန့်စင်က သူသိချင်တာကို ဆက်မေးလေသည်။
[ကားနဲ့ ပတ်သတ်ပြီး ထိတ်လန့်စရာတစ်ခုခု ကြုံရပြီးရင်တော့ ပြန်မက်တတ်ပါတယ် ဒေါက်တာ]
"ဟုတ်ကဲ့ပါ.. အဲဒါဆို ကျွန်တော် အားဆေးလေး ထိုးပေးလိုက်ပြီး စိတ်ငြိမ်ဆေးလေးပဲ ပြင်ပေးလိုက်ပါမယ်.. တစ်ခုခု ဆိုးဆိုးရွားရွား ထပ်ဖြစ်ခဲ့တာရှိရင်တော့ ကျွန်တော်တို့ အထူးကုတွေနဲ့ ထပ်ဆွေးနွေးကြည့်ကြတာပေါ့"
[ဟုတ်ကဲ့ပါ ဒေါက်တာ.. ကျေးဇူးတင်ပါတယ်]
သူမကို အားဆေးထိုးပြီးနောက်..
"နှင်းမြူ အပြင်မှာ ခဏစောင့်နေပေးနော်.. ကိုယ် ဒေါက်တာနဲ့ ခဏစကားပြောပြီးရင် လာခဲ့မယ်"
"..."
သူ့ရဲ့ ပြောစကားမှာ မြူ ဒေါက်တာသန့်စင်ကို နှုတ်ဆက်ပြီး အခန်းအပြင်ထွက်ခဲ့သည်.. မနေ့ကတည်းက သူ မြူ့အတွက် အရမ်းစိတ်ပူနေတာ မြူ ခံစားရပါတယ်.. အခုလည်း ကားaccidentအကြောင်း ပြောလိုက်တာနဲ့ သူ့ မျက်နှာမကောင်းတော့တာ မြူ သတိထားမိပါတယ်။
.
"ဒေါက်တာ.. မြူ့အခြေအနေက စိုးရိမ်ရလား.. ကျွန်တော်တို့ ဘာလုပ်လို့ရနိုင်မလဲ"
"သူ့မှာ trauma တစ်ခု ကြီးကြီးမားမားရှိခဲ့ပုံပဲ.. အဲဒီအကြောင်းကို ကိုသတိုး သူ့အပြင် တခြား ဘယ်သူ့ဆီကနေ သိနိုင်မလဲ.. ကြိုးစားကြည့်ပါလား.. ပြီးရင်တော့ ကျွန်တော်တို့ ထပ်ဆွေးနွေးကြတာပေါ့.. သူ့ကိုတော့ တိုက်ရိုက်မမေးစေချင်ဘူး.. အခုထိ သူ့စိတ်ထဲမှာ ဒီကိစ္စက စွဲစွဲထင်ထင် ကျန်နေတုန်းဆိုတော့လေ"
"ဟုတ်ကဲ့ ဒေါက်တာ.. ကျွန်တော် ကြိုးစားပါ့မယ်"
......သူမရဲ့ ဖေဖေမေမေတို့အိမ်ကို သတိုးတို့ ရောက်လာခဲ့သည်။
[ကျွန်မ အပေါ်ထပ်ခဏသွားလိုက်ဦးမယ်နော်.. ရှင် ဒီမှာ ထိုင်နေလို့ရတယ်]
"အိုကေ.. မင်းလုပ်စရာရှိတာ အေးဆေးလုပ်နော်.. ကိုယ့်ကို အားမနာနဲ့"
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romanceနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner