"မင်္ဂလာပါ"
"မင်္ဂလာပါ"
Cabin crewတွေကို ခေါင်းငြိမ့်နှုတ်ဆက်ပြီး ချစ်ရသူ လက်ကိုဆွဲကာ သတိုးကပဲ ဦးဆောင်၍ လေယာဉ်ထဲ ဝင်လာခဲ့သည်.. Business classဖြစ်လို့ ခရီးသည် နည်းပါးကာ cabin crewတွေကလည်း အချိုသာဆုံး ဧည့်ဝတ်ပြုကြလေသည်။
မြူ့အတွက် ဘဝမှာ ပထမဆုံးအကြိမ် လေယာဉ်စီးရမှာဖြစ်လို့ အရမ်းစိတ်လှုပ်ရှားနေသည်.. လေယာဉ်ရဲ့ပြတင်းပေါက်ဘေးက ထိုင်ခုံမှာ ထိုင်လိုက်ပြီး ပြတင်းပေါက်မှတဆင့် မီးရောင်တွေ လင်းထိန်နေတဲ့ လေယာဉ်ကွင်းထဲကို ကြည့်ရသည်မှာ မြူ့အတွက်တော့ မြင်ကွင်းအသစ်အဆန်း တစ်ခုပင်..။
................လွန်ခဲ့တဲ့ တစ်ပတ်မတိုင်ခင်က..
"ချစ်.. နောက်တပတ် ဗုဒ္ဓဟူးနေ့ဆို ကိုယ်တို့ မင်္ဂလာသက်တမ်း ၆လပြည့်ပြီနော်.. မှတ်မိလား"
"..."
မြူ ပြုံးပြခေါင်းငြိမ့်ပြီး မှတ်မိကြောင်းပြောပြလိုက်သည်။
"အဲဒါ ကိုတို့ရဲ့ 6th Monthsary အချိန်လေးမှာ Honeymoon သွားကြမလား"
[ဟင်]
"ဟုတ်တယ်.. ကိုတို့ မင်္ဂလာဆောင်ပြီး Honeymoonမှ မထွက်ခဲ့ကြတာကို.. ကိုလည်း အခုဆို အလုပ်တွေပြီးလို့ အလုပ်အသစ်လည်း လာပြောထားတာ ဘာမှမရှိသေးတုန်း ချစ်လေးနဲ့ အပန်းဖြေခရီးလေး တစ်ခုလောက် သွားချင်လို့လေ.. ကိုတို့ နှစ်ယောက် တစ်ခါမှ ခရီးမထွက်ဖူးသေးဘူးမလား.. သွားကြမယ် နော်.. နော်"
အကိုက မြူ့ခါးလေးကို လက်နှစ်ဖက်နဲ့ ဖက်ထားကာ ဘေးကနေ မြူ့ပခုံးပေါ် သူ့ခေါင်းလေး တိုးဝှေ့ပြီး ကလေးတစ်ယောက်လို ပူဆာနေတော့သည်.. မြူ့အတွက်ဆို အမြဲတမ်း သူရဲကောင်းတစ်ယောက်လို ရဲရင့်ပြီး မားမားမတ်မတ် ရပ်တည်လေ့ရှိတဲ့ အကိုက အဲ့လို ကလေးဆန်တဲ့ အပြုအမူတွေ လုပ်ပြရင်လည်း မြူ့မှာ မလိုက်လျောပဲ မနေနိုင်ပြန်ပါ..။
[အကိုက ဘယ်ကိုသွားချင်လို့လဲ]
ချစ်သူလေးက ခရီးသွားမယ့်ကိစ္စကို ၈၀ရာခိုင်နှုန်းလောက် သဘောတူသွားပြီ ဖြစ်ကြောင်း သတိုးသဘောပေါက်လိုက်သည်.. Honeymoonသွားချင်တာလည်း ပါပေမယ့် သူမလေးကိုလည်း ခဏတဖြုတ်ဖြစ်ဖြစ် ဒီပတ်ဝန်းကျင်ကနေ လွတ်မြောက်ကာ စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်စေချင်သည်.. ထိုသို့ဖြစ်အောင် လုပ်နိုင်တယ်လို့လည်း သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်ထားသည်.. နောက်ပြီး သူမနဲ့ အမှတ်တရတွေလည်း ဖန်တီးချင်မိသည်။
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romanceနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner