အပိုင်း (၂)

2.9K 43 0
                                    

"နှင်း.. နှင်း ကားရပ်နားစခန်း ရောက်တော့မယ် ထ ထ.. သမီးလေးကိုလည်း နှိုးလိုက်ဦး မုန့်လေးဘာလေးစားရအောင်"

"ဟင်.. အော် ဟုတ်... သမီးရေ သမီးလေးနှင်းမြူ ထပါဦး.. ဟိုမှာ ခဏနေ ကားရပ်တော့မယ်.. မေမေတို့ မုန်းဆင်းစားကြမယ်လေ.. ထပါဦး မေမေ့ အသည်းလေးရဲ့.. အမလေး ကြည့်ပါဦး အိပ်ပုတ်မလေး"

"အင်... အင်း.... မေမေ သမီးရေသောက်ချင်တယ်"

"အော် အေး.. အေး.. ခဏလေးနော် မေမေရေဗူး ယူလိုက်ဦးမယ်"

"ရော့ ဖြေးဖြေးသောက် သီးဦးမယ်"

"ဟုတ်"

"သမီးလေး ဟိုမှာမီးတွေထွန်းထားတဲ့ ဆိုင်တွေတွေ့လား.. ဖေဖေတို့ အဲ့မှာမုန့်စားကြမယ်နော်.. သမီးလေး ဘာစားချင်လဲ"

မြတ်သူတစ်ယောက် သမီးကို မေးရင်းနဲ့ ကားလေးကို ယာဉ်ရပ်နားစခန်းထဲသို့ ကွေ့ဝင်လာလိုက်သည်။

"ဟယ် ဆိုင်တွေအများကြီးပဲ.. ရေခဲမုန့်ဆိုင်ရောရှိလား ဖေဖေ"

"ဟား.. ဖေဖေ့သမီးကတော့ လုပ်တော့မယ် ညကြီးမိုးချုပ် ရေခဲမုန့်တော့ မစားပါနဲ့သမီးရယ်.. တခြား အရသာရှိပြီး ဗိုက်ဝတာလေး စားနော်.. ရေခဲမုန့်စားချင်ရင် မန္တလေးရောက်မှ ဖေဖေလိုက်ကျွေးမယ်"

"ဖေဖေ ကတိနော်.. တကယ်ဝယ်ကျွေးရမှာ.. မေမေ သက်သေရှိတယ်နော်"

"ဟင်း ဟင်း.. ဟုတ်ပါပြီတတ်စိန်လေးရဲ့"

သိပ်ချစ်စရာကောင်းတဲ့ သမီးလေးရဲ့ သွက်လက်တဲ့အပြုအမူ အပြောအဆိုလေးတွေကြောင့် ခဏတွင်းက စိတ်မကောင်းစရာ အတွေးများ လွင့်စင်သွားရသည်။

မောင့်မျက်နှာမှာလည်း အပြုံးတွေနဲ့ မောင်ပြောသလိုပဲ မောင့်အတွက် သမီးလေးတစ်ဦးတည်းနဲ့တင် လုံလောက်တယ်လို့ သူမတကယ်ပဲ မှတ်ယူလို့ရတယ်မလား။

"နှင်း နှင်း... မောင့်မျက်နှာကို ကြည့်မဝဖြစ်နေတာလား"

မောင်က မျက်ခုံးလေး၂ဖက်ကိုပင့်တင်ကာ ခပ်ပြုံးပြုံးလေး ပြောလာတော့ သူမအတွေးတို့ ပြတ်တောက်သွားခဲ့ရသည်။

"မောင်နော်.. ဘယ်လိုဖြစ်နေတာလဲ"

"မောင်ကအလကားစတာပါဗျာ.. ကဲလာ ကားပေါ်ကဆင်း.. မောင် သမီးကိုခေါ်လာခဲ့မယ်"

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now