အပိုင်း (၆၂)

1.5K 27 0
                                    

ဆီးစစ်တံကို လက်ကကိုင်ပြီး ရေချိုးခန်းထဲက ဘေစင်ရှေ့မှာ မြူတစ်ယောက် ကြောင်တောင်တောင်လေး ရပ်နေမိသည်.. မနက်အိပ်ယာနိုးကတည်းက မူးနောက်နောက် ဖြစ်နေတဲ့ခေါင်းက မနေ့က အချိန်အတော်ကြာ ငိုထားလို့နဲ့ ညက အိပ်ယာဝင် နောက်ကျလို့,လို့သာ ထင်နေခဲ့တာ.. နောက်ပြီး မနက်စာစားတော့လည်း မနေ့ညက အစာမရှိလို့ လေခံပြီး မစားနိုင်တာလို့သာ ထင်ခဲ့တာလေ.. အခုကျ အကိုက မြူ့မှာ ကိုယ်ဝန်ရှိနေတာ ဖြစ်နိုင်တယ်တဲ့.. ဘယ်လိုအခြေအနေမျိုးလဲဆိုတာ ကိုယ့်ဖာသာကိုယ်တောင် မဝေခွဲတတ်တော့..။

လက်ထဲက ဆီးစစ်တံလေးကို ငုံ့ကြည့်လိုက်ရင်း ရင်တွေခုန်လာရသလို ကြောက်စိတ်၊ စိုးရိမ်စိတ်တွေလည်း ဝင်လာရသည်.. အဖြေကိုလည်း သိချင်မိသလို ဟုတ်နေခဲ့ရင်ရော၊ မဟုတ်ဘူးဆိုရင်ရောဆိုပြီး ဒွိဟအတွေးတွေကလည်း ခေါင်းထဲမှာနေရာယူထားလေသည်။

ဘာပဲဖြစ်ဖြစ် အဖြေထွက်လာတဲ့အပေါ်မူတည်ပြီးမှပဲ...။

.........

ကုတင်ပေါ်မှာ ထိုင်နေပြီး ရေချိုးခန်းတံခါးကို ရင်ခုန်စွာနဲ့ မမှိတ်မသုန်ကြည့်နေမိကာ အခုအချိန်မှာ စောင့်နေရတဲ့ တစ်စက္ကန့်၊ တစ်မိနစ်တွေက ကမ္ဘာနဲ့ချီပြီးတော့ ကြာနေသလို.. ဆယ်တန်းစာမေးပွဲ အောင်စာရင်းစောင့်ခဲ့ရတာထက်ကို စိတ်လှုပ်ရှားနေမိတာ သတိုး ကိုယ့်ကိုယ်ကို အသိဆုံး... လက်ဖျား၊ခြေဖျားတွေလည်း အေးစက်နေကာ စိတ်ငြိမ်လိုငြိမ်ငြှား နှုတ်ခမ်းကနေ လေပူတွေ မှုတ်ထုတ်နေမိတာကလည်း အကြိမ်ပေါင်း မရေမတွက်နိုင်ပေ..။

ဒယ်ဒီနဲ့သာ စ,နောက်ပြီး မြေးချီရအောင် ကြိုးစားပေးမယ် ဘာ၊ညာ ပြောခဲ့ပေမယ့် အဖေတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို တစ်ခါမှ မစဉ်းစားမိသေးတာ အမှန်.. "ငါ အဖေတစ်ယောက်ဖြစ်တော့မှာလား"ဆိုတဲ့ စိတ်က ရင်ထဲမှာ တသိမ့်သိမ့်နဲ့ ကြည်နူးရသလို နှုတ်ခမ်းတွေကလည်း မသိမသာ ပြုံးနေမိသည်... ဒါပေမယ့်လည်း တစ်ထစ်ချ ယုံကြည်လို့မရသေး.. ချစ်လေးဆီက အဖြေကို သိရမှာသာ သူ အပြည့်အဝ ကြည်နူးပျော်ရွှင်ရမည်မလား..။

သူစဉ်းစားနေတုန်းမှာပဲ....

ဂျောက်..

တံခါးဖွင့်သံနှင့်အတူ သူမက ခေါင်းလေးငုံ့ပြီး ရေချိုးခန်းထဲက ထွက်လာသည်..  သတိုးလည်း အလျင်အမြန်ပဲ သူမ အနားကို ရောက်ရှိသွားပြီး..

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now