အပိုင်း (၁၅)

1.9K 41 0
                                    

"ဘယ်လိုလဲ ပျော်လား ညီမလေး"

"အင်း.. အရမ်းပျော်တယ်.. မြူ Pet Cafeကို တစ်ခါမှ မရောက်ဖူးဘူးသိလား.. ခေါ်လာပေးလို့ အစ်ကို့ကို ကျေးဇူးတင်ပါတယ်နော်"

"ရပါတယ်ဗျာ.. ညီမလေး စိတ်ချမ်းသာရင် ကိုကို ကျေနပ်ပါတယ်"

"..."

သူ့ကို မျက်လုံး အဝိုင်းသားလေးနဲ့ တအံ့တဩ ကြည့်နေတဲ့ ညီမလေးရဲ့ မျက်နှာလေးကြောင့် သူ စကားမှားသွားမှန်း သတိထားမိသွားသည်။

"ဟာ..ဆောရီး ညီမလေး.. အစ်ကိုက တစ်ဦးတည်းသော သားဆိုတော့ ငယ်ငယ်ထဲက ညီမလေးတစ်ယောက် အရမ်းလိုချင်ခဲ့တာ.. ကိုယ့်ကိုကိုယ်လည်း သတိမထားလိုက်မိပဲ ပြောလိုက်မိတာ.. အစ်ကို့ကို စိတ်မဆိုးပါနဲ့နော်"

"ရပါတယ်.. အစ်ကို အဆင်ပြေသလိုပြောပါ.. မြူ ကိစ္စမရှိပါဘူး.. ရုတ်တရက်ဆိုတော့ အံ့ဩသွားရုံပါ"

"အဲ့ဒါဆို အစ်ကိုက ကိုယ့်ကိုကိုယ် ကိုကိုဆိုတဲ့ နာမ်စားသုံးလို့ရတယ်ဆိုတဲ့ သဘောပေါ့နော်"

"..."

"ကျေးဇူးပါ ညီမလေးရယ်.. ကိုကို တစ်ကယ် ကျေးဇူးတင်ပါတယ်ကွာ"

အစ်ကိုက အဲ့လိုလူမျိုးပါလေ.. မြူ့အတွက်ဆို ဘာမဟုတ်တဲ့ အသေးအဖွဲလေးကစပြီး ဂရုစိုက်တတ်သလို မြူ့ဖက်က တုံ့ပြန်လိုက်တဲ့ ဘယ်လို အသေးအဖွဲကိစ္စလေး ဖြစ်စေ ပျော်ရွှင်နေတတ်သူ.. အစ်ကို့နားမှာ နေရတာ သူမ တစ်ကယ်ပဲ လုံခြုံ နွေးထွေးရပါသည်။
.......................................

"ဖေဖေနဲ့မေမေ.. သမီး ပြောစရာရှိလို့ပါ"

"အော် လာလေ သမီးကြီး.. ဘာပြောမလို့လဲ"

"နောက်တစ်ပတ်ထဲမှာ သမီးတို့ ဟိုတယ်ရဲ့ နှစ်ပတ်လည် ဝန်ထမ်းတွေ Staff party ရှိလို့ပါဖေဖေ"

"အင်း အဲဒီ့တော့"

"အဲဒါ အဲ့နေ့ကျရင် တစ်နှစ်တာ ထူးချွန်ဝန်ထမ်းတွေအတွက် ဆုပေးပွဲရှိလို့.. ဆုရတဲ့ ၃ယောက်ထဲ သမီးပါတယ် ဖေဖေ"

"ဟာ တော်လိုက်တဲ့ ဖေ့သမီးကြီး.. Congratulations ကွာ.. ဖေဖေကရော သမီးကို ဘာ ဆုချပေးရမလဲ"

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now