[ညီမလေး.. အစ်ကို ခြံရှေ့ရောက်ပြီ.. အဆင်သင့်မဖြစ်သေးရင်လည်း အေးဆေးလုပ်နော်.. အစ်ကိုက ရောက်တဲ့အကြောင်း လှမ်းအသိပေးတာ]
[အိမ်ထဲ ခဏဝင်ခဲ့ပါဦးအစ်ကို.. အန်တီနဲ့ မိတ်ဆက်ပေးရအောင်လို့]
ညီမလေးဆီမှာ ဝင်လာတဲ့ message ကြောင့် မင်းသန့် စိတ်ထဲ ကြည်နူးမှုလေး တစ်ခု ဖြစ်ထွန်းသွားသည်.. အခုဆိုလျှင် ညီမလေးနဲ့တင်မက ညီမလေးရဲ့ အသိုင်းအဝိုင်းနှင့်ပါ သူ ရင်းနှီးခွင့်ရခဲ့ပြီ။
ညီမလေးဦးလေး အန်ကယ်ဦးဇော်လွန်းကလည်း သူ့ကို တရင်းတနှီးပင် တူလိုသားလို ဆက်ဆံပေးသည်.. အခုလည်း အန်ကယ့်ဇနီးနှင့်ပါ ခင်မင်ခွင့်ရတော့အပြင် ညီမလေးရဲ့ အိမ်ထဲသို့ သူတရားဝင်ခွင့်ပြုချက်ဖြင့် ဝင်ရောက်ခွင့်ရတော့မည်။
ကားထဲမှ ထွက်ပြီး ပုဆိုးနှင့် ရှပ်အင်္ကျီကို ကြည့်ကောင်းအောင် အနည်းငယ် ပြုပြင်ပြီး ခြံထဲသို့ဝင်လာလိုက်သည်။
"..."
ခြံထဲဝင်လိုက်သည်နှင့် အိမ်တံခါးဝတွင် သူ့ကို အပြုံးတစ်ခုနှင့်အတူ ကြိုဆိုနေသော ညီမလေးကို တွေ့လိုက်ရသည်။
နို့စိမ်းရောင် အပွင့်စိတ်လေးတွေကို ဝမ်းဆက်ဝတ်ဆင်ထားသော ညီမလေးက သူ့ရဲ့ ဆံပင်ရှည်တွေကို တဝက်စည်းနှောင်ထားသဖြင့် ဆံပင်ရှည်များက ကျေအပြည့် ဖုံးလွှမ်းနေသယောင်..။
ကိုကို့ ညီမလေးကလေ အမြဲတမ်း လှပြီး တစ်မျိုးလေး ဆွဲဆောင်မှုရှိနေရော..။
ညီမလေးနဲ့အတူ အိမ်ထဲဝင်လိုက်လျှင်..
"လာ မောင်မင်းသန့်... ထိုင်.. ဒီမှာ အအေးလေးသောက်ပါဦး"
"ဟုတ်ကဲ့ဗျ"
"အန်တီက သမီးမြူလေးရဲ့အဒေါ် အန်တီသူဇာပါ.. တွေ့ရတာ ဝမ်းသာပါတယ်ကွယ်"
"ဟုတ်ကဲ့.. ကျွန်တော်လည်း တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ.. ကျွန်တော့်ကို အခုလို အိမ်ထဲအလည်ခေါ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်"
"အော်.. ရပါတယ်ကွယ်.. အန်တီကလေ မင်း ဦးလေးက မောင်မင်းသန့်အကြောင်းတွေ ပြောကတည်းက တွေ့ချင်နေတာ.. သမီးမြူက ဒီနေ့ မင်းနဲ့ အပြင်သွားမယ်ဆိုလို့ အတော်ပဲဆိုပြီး သမီးမြူကို အိမ်ထဲခေါ်ခိုင်းလိုက်တာ"
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romanceနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner