car parkingမှာ ကားရပ်လိုက်ကာ သတိုးနဲ့ ကားပေါ်က အထုတ်တွေကိုယူပြီး လက်တစ်ဖက်က မြူ့လက်ကို ကိုင်ကာ ကုမ္ပဏီထဲ ဝင်လာလိုက်သည်။
သူ ဘယ်သူမှန်း သိနေတဲ့ ကုမ္ပဏီဝန်ထမ်းတွေက သူ့ကို ပြုံးပြ ဦးညွတ်ကာ နှုတ်ဆက်ကြသည်.. သတိုးလည်း ပြန်လည် ပြုံးပြကာ ဆက်လျှောက်လာခဲ့လိုက်သည်။
"ဟဲ့.. ကိုသတိုးက အပြင်မှာ ပိုမိုက်တယ်တော့"
"ဟုတ်ပါ့.. ဒါနဲ့ သူMDဆီကို လာတာ ဒါပထမဆုံးပဲနော်.. ငါ ဒီမှာ အလုပ်လုပ်တာ ၃နှစ်ရှိပြီ သူကုမ္ပဏီကို လာတာ တစ်ခါမှ မတွေ့ဖူးဘူး"
"အင်း.. ငါရောပဲ.."
"ဟဲ့ သူ့မိန်းမကလည်း ချောလိုက်တာနော်.. ရိုးရိုးယဉ်ယဉ်ပုံလေး.."
"အဲဒါကြောင့် ပြောတာပေါ့ ယောက်ျားတွေက သူတို့တွေသာ ကဲကြတာ.. ယူတဲ့မိန်းမကျ တကယ့်ခြောက်ပစ်ကင်းလေးမှ လိုချင်ကြတာ.."
"ဟဲ့.. တိုးတိုးပြောဦး.. ကြားသွားလို့ အလုပ်ပြုတ်နေဦးမယ်.."
"အင်းပါဟဲ့.."
....
"ဟင်.. ကိုသတိုး.."
ဒယ်ဒီ့အတွင်းရေးမှူးက သူ့ကို မြင်တာ အံ့ဩနေတဲ့ပုံပဲ.. သူကလည်း ဒယ့်ဒီ့ရုံးကို ဘယ်တုန်းကမှ မလာခဲ့ဖူးတာကိုး..။
"ကိုမျိုး.. ဒယ်ဒီရှိလား.."
"ဟုတ်ကဲ့ ရှိပါတယ်.. ကျွန်တော် သွားပြောပေးမယ်လေ.."
"နေ..နေ.. ရတယ်.. ကိုမျိုး လုပ်စရာရှိတာ လုပ်ပါ.. ကျွန်တော်တို့ ဝင်သွားလိုက်မယ်"
"ဟုတ်ကဲ့.."
ဒေါက်.. ဒေါက်..
"ရတယ်.. ဝင်ခဲ့.."
"ဒယ်ဒီ ကျွန်တော်တို့လာတယ်.."
"ဟင်.."
အတွင်းရေးမှူး မောင်မျိုးထင်လို့ ဝင်လာခဲ့လို့ ပြောလိုက်တဲ့နောက် တံခါးဖွင့်ပြီး ဝင်လာတဲ့သူက ဦးဓနဘယ်လိုမှ မျှော်လင့်မထားတဲ့သူဖြစ်နေလေသည်..။
"သားနဲ့သမီး.. လာ.. လာ.. လာထိုင်ကြ"
သူတို့ကို မြင်လိုက်တာနှင့် ဘယ်လောက်တောင် ဝမ်းသာသွားတယ်ဆိုတာ ဒယ်ဒီ့မျက်နှာမှာ ဖုံးဖိမရ။
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romanceနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner