"သမီး မြူလေး.."
ခေါ်သံနဲ့အတူ အခန်းထဲသို့ လေးလေးနဲ့ အန်တီသူဇာ ဝင်လာလေသည်.. အကိုက ICUထဲမှာပဲ ရှိသေးပေမယ့် ဒယ်ဒီက VIPတစ်ခန်းယူထားပြီး မြူ့ကို ခဏ အနားယူခိုင်းထားတာဖြစ်သည်.. ဒယ်ဒီကတော့ ICUမှာ အကို့ကို အရင်သွားကြည့်နေသည်..။
"လေးလေး... အဟင့်.. တီတီသူဇာ.."
"သမီးလေး.. သမီးလေး စကားပြန်ပြောနိုင်ပြီနော်.."
လေးလေးက မြူ့မျက်နှာကို လက်ဖဝါးနှစ်ဖက်ဖြင့် ကိုင်ပြီး မြူ့မျက်နှာကို ကြည့်ကာ ဝမ်းသာအားရ ပြောလေသည်... လေးလေးရော အန်တီသူဇာရော နှစ်ယောက်စလုံးမျက်နှာမှာ မျက်ရည်တွေနဲ့.. မြူ့အတွက် ဘယ်လောက် ဝမ်းသာနေကြလဲဆိုတာ မြူသိပါတယ်..။
မြူ လေးလေးကို အားရပါးရ ဖက်ထားပြီး လေးလေး ရင်ခွင်ထဲမှာ ခဏတော့ ငိုကြွေးနေမိသည်..။
"လေးလေးရော တီတီသူဇာရော မြူ့ကို အခုချိန်ထိ စောင့်ရှောက်ပေးကြတာ မြူ အမြဲတမ်း ကျေးဇူးတင်နေခဲ့တာပါ.. မြူ့ဖက်ကနေ ကျေးဇူးတင်စကားတွေကို မပြောပြနိုင်လို့ အမြဲတမ်းအားမလိုအားမရ ဖြစ်နေခဲ့တာ."
"မလိုပါဘူး သမီးရယ်.. သမီးက လေးလေးသမီးပဲ.. လေးလေး စောင့်ရှောက်ရမှာပေါ့.. ကျေးဇူးတင်စကားတွေ မလိုပါဘူး.. သမီးအခုလို စကားပြန်ပြောနိုင်တာကိုပဲ လေးလေးတို့ ဝမ်းသာလှပါပြီ.."
လေးလေးက မြူ့ခေါင်းလေးကို ပုတ်ပေးပြီး ပြန်ထွေးဖက်ထားပေးသည်..။
"မောင်သတိုးက ဘယ်လိုဖြစ်တာလဲသမီး.. အခြေအနေကရော ဘာတဲ့လဲ.."
"ဓါးထိုးခံရတာပဲ လေးလေး.. ဘာကြောင့်လဲတော့ မသိရသေးဘူး.. အကို့သူငယ်ချင်းကိုတေဇက အမှုကိစ္စတွေ ဆက်လုပ်ပေးနေတယ်.. အကိုက အသည်းကို ထိသွားတာဆိုတော့ ဆရာဝန်ကြီးတွေက အကောင်းဆုံးတော့ ခွဲစိတ်ပေးထားတယ်.. အခြေအနေကတော့ အသက်အန္တရာယ်မရှိတော့ဘူးလို့ ပြောပါတယ်.. သတိတော့မရသေးဘူး.."
အဲ့အချိန်မှာပဲ အခန်းထဲကို ဒယ်ဒီနဲ့ nurseတစ်ယောက် ဝင်လာခဲ့သည်..။
"ကိုဇော်လွန်းတို့ ရောက်နေတာပဲ.. သမီး.. သားကို ကြည့်ချင် သွားကြည့်လို့ရပြီနော်.. ဒီဆရာမလေးနဲ့ လိုက်သွားလိုက်.."
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Roman d'amourနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner