ကျေးဇူးတင်လို့ 🥰

1K 27 0
                                    

ဒီနေ့ updateပေးမယ်လို့ Wattpad ကို ဖွင့်လိုက်တဲ့အချိန်မှာ အစ်မရဲ့ ဝတ္ထုလေးက view 100ကျော် သွားလို့ အရမ်းပျော်သွားရပါတယ် 🤩 အခြားauthorတွေရဲ့ ဝတ္ထုတွေက view အရေအတွက် Kတွေအများကြီး ရောက်နေချိန်မှာ အစ်မရဲ့ ဝတ္ထုလေးက 100ကျော်သွားတာကို ပျော်တယ်ဆိုလို့ မရယ်ကြပါနဲ့နော် 😅 အစ်မအတွက်တော့ အမှတ်တရ တစ်ခုဖြစ်လို့ပါ.. အမြဲတမ်း viewလေးတွေ ဘယ်လောက်ရောက်နေပြီလဲ ကြည့်ဖြစ်ပေမယ့် တစ်ချို့ရက်တွေမှာ viewတိုးမလာလို့ စိတ်ဓါတ်ကျခဲ့ရတာတွေလည်း ရှိပါတယ်..

အပိုင်း (၁)မှာ အများကြီး ဝင်ဖတ်ကြပေမယ့် အဲ့ဒီစာဖတ်သူလေးတွေက အပိုင်း (၂)အထိ မပါလာခဲ့ကြတော့ "ငါ့အရေးအသား အရမ်းကို ညံ့နေလား.. ငါ့ဝတ္ထုလေးက စိတ်ဝင်စားစရာ မကောင်းနေဘူးလား"ဆိုပြီး စိတ်အားငယ်မိတဲ့ အချိန်တွေလည်း ရှိပါတယ်.. ဒါပေမယ့် ဒီဝတ္ထုလေးကို စရေးကတည်းက ဘာပဲဖြစ်ဖြစ် အဆုံးထိရေးမယ်လို့ စိတ်ဆုံးဖြတ်ထားတဲ့အတွက် အဆုံးထိရေးပါ့မယ်.. အရေးအသားမကောင်းတဲ့ အစ်မရဲ့ ဝတ္ထုလေးကို အခုချိန်ထိ ဖတ်ရှုပေးကြတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်နော် 🥰 အဆင်ပြေမယ်ဆိုရင် commentလေးတွေနဲ့ feedbackလေးတွေ ရေးပေးခဲ့လို့ရမလားဟင်.. စာဖတ်သူလေးတွေရဲ့ အမြင်လေးတွေကို သိချင်လို့ပါ.. 🥰

အားလုံးပဲ စိတ်ချမ်းသာစရာ နေ့ရက်လေးတွေ ပိုင်ဆိုင်ကြပါစေနော် ❤️🫶🏻

Lynn ✨

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now