အပိုင်း (၃၂)

1.7K 29 7
                                    

ရေချိုးပြီး အခန်းထဲက ထွက်လာပြီးနောက် မီးဖိုချောင်ထဲမှာ အဝါရောင် ပုံရိပ်လေးက သူ့အတွက် လှုပ်ရှားသွားလာ နေတာကို သတိုးတစ်ယောက် နံရံကို မှီရင်း လက်ပိုက်ကြည့်နေမိသည်။

အဝါနုရောင် ဝမ်းဆက်ကလေးနဲ့ နုဖက်လှပလွန်းနေတဲ့ သူမရဲ့ နောက်ကျောမှာလည်း ဆံပင်ရှည်ကြီးများက တင်ပါးဖုံးသည်အထိ လှပစွာ နေရာယူထားလေသည်။

လှုပ်ရှားမှုတိုင်းမှာ ခါယမ်းနေတဲ့ ထိုဆံပင်ရှည်များက တစ်မျိုးလေး ဆွဲဆောင်မှုရှိနေသလို..။

...

ရေခဲသေတ္တာထဲမှာ ရှိနေတဲ့ အသီးအနှံတစ်ချို့နဲ့ ပုစွန်တို့ကို ထုတ်ပြီး မြူ ထမင်းကြော် ပြင်ဆင်နေလိုက်သည်။

အဆင်သင့်ရှိနေတဲ့ နဂါးမောက်သီးကိုလည်း blenderထဲထည့်ပြီး ဖျော်ရည်တစ်ခွက်လည်း ပြင်ဆင်လိုက်သည်။

စေတနာရှိလွန်းလို့တော့ မဟုတ်ပေမယ့် မြူ့ကြောင့် အဲ့လူအခုချိန်ထိ ဘာမှမစားမစားရသေးဘူးဆိုတော့ အပြစ်ရှိသလို ခံစားရလို့ဖြစ်သည်။

ထမင်းကြော်ကို ပန်းကန်ထဲထည့်ပြီး ထမင်းစားပွဲပေါ်တင်ဖို့ လှည့်လိုက်တော့ မီးဖိုခန်းအဝမှာ နံရံကိုမှီပြီး မြူ့ကို လက်ပိုက်ကြည့်နေသော ဟိုလူ..။

"..."

ပြင်ဆင်စရာ ပြင်ဆင်ပေးပြီး မြူ မီးဖိုခန်းထဲက ထွက်ဖို့လုပ်တော့..။

"ဘယ်သွားမလို့လဲ"

"ထမင်းစားမယ်လေ"

"..."
မြူ စားခဲ့ပြီးကြောင်း အမူအယာနဲ့သာ ပြလိုက်သည်။

"စားပြီးရင်လည်း ဒီမှာ ထိုင်စောင့်ပေး.. ကိုယ်တစ်ယောက်ထဲ ထိုင်မစားချင်ဘူး"

ဒီလူ ဘာဖြစ်နေတာလဲ.. သူ့ဟာသူ စားပါလား.. သူနဲ့မြူ ဘယ်တုန်းက ထမင်းအတူတူစားလို့လဲ..။

ဆောင့်ဆောင့်အောင့်အောင့်နဲ့ သူ့အရှေ့ခုံမှာ သူမလေးထိုင်လိုက်တော့မှ သတိုး တစ်ချက်ပြုံးပြီး သူမပြင်ပေးထားတဲ့ ထမင်းကြော်ကို ယူစားလိုက်သည်။

ဟားး.. သူ့တစ်သက် ဒီလောက်ကောင်းတဲ့ ထမင်းကြော်မစားဖူးဘူး.. အရသာအစပ်အဟပ် အားလုံးပြည့်စုံနေပြီး ဖြူးထားတဲ့ ငရုတ်ကောင်းမှုန့်အနံ့လေးတွေကအစ တစ်မျိုးလေး စားချင်အောင် ဆွဲဆောင်နေသည်။
{A/N: အမလေး ပိုလိုက်တာ သတိုးရယ် 😑}

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now