အပိုင်း (၅၆)

1.7K 36 0
                                    

ညင်သာ နွေးထွေးတဲ့ အထိအတွေ့နဲ့အတူ မြူ့ခန္ဓာကိုယ်လေးက နူးညံ့အိစက်နေသော မွေ့ယာထက် ကျရောက်သွားတာကို ခံစားလိုက်ရသည်.. ယောက်ျားဆန်ပြီး ဆွဲဆောင်မှုရှိတဲ့ အရင်းနှီးဆုံး ကိုယ်သင်းရနံ့တစ်ခုကလည်း မြူ့နှလုံးသားကို လုံခြုံနွေးထွေး သွားစေသည်။

အဲ့နောက်မှာတော့ မြူ့ပါးပြင်ထက်ကို ထိတွေ့ပွတ်သတ်လိုက်မှုကို သိရှိလိုက်ရပြီး လေးလံနေတဲ့ မျက်ဝန်းတွေကို အသာအယာ ဖွင့်ကြည့်မိသည်။

"ချစ်လေး.. ကိုယ့်ကြောင့်နိုးသွားတာလား.. အိပ်ချင်အိပ်တော့လေ"

ဖွင့်ကြည့်လိုက်တဲ့ မျက်လုံးတွေရဲ့ ရှေ့မှာ မြင်နေရတာက ဖြူဝင်းတဲ့ အသားအရေနဲ့ ချောမောလှပတဲ့ မျက်နှာတစ်ခု.. ထူထဲတဲ့ မျက်ခုံးတွေအောက်က နူးညံ့မှုတွေ ပျော်ဝင်နေတဲ့ မျက်ဝန်းတွေ၊ ချွန်မြနေတဲ့ နှာတံနဲ့ ပိရိသေသပ်လွန်းတဲ့ နှုတ်ခမ်းတွေ.. ထိုနှုတ်ခမ်းတွေက ပြောလိုက်တဲ့ စကားလုံးတွေက မြူ့အသိစိတ်ထဲ ဝင်ရောက်မလာခဲ့ဘူး.. ဒီလူရဲ့ ချောမောမှုတွေမှာ မြူ ပျော်ဝင်နေလို့ပေါ့..။

သူ့နှုတ်ခမ်းက စကားတွေ ရပ်တန့်သွားပေမယ့် သူ့ရဲ့အကြည့်တွေကတော့ မရပ်တန့်ပဲ မြူ့မျက်ဝန်းတွေထဲ တိုက်ရိုက်ဝင်ရောက်လာခဲ့တယ်.. အချိန်အနည်းငယ်လောက် တစ်ယောက်ကို တစ်ယောက်ကြည့်နေရင်းကနေ သူ့ရဲ့ နှုတ်ခမ်းတွေက မြူ့ဆီလာရောက် သိမ်းပိုက်လေသည်..။

ဘီယာရဲ့ ခါးသက်တဲ့အရသာတွေကို သူ့လျှာဖျားတွေကနေ တဆင့် ခံစားသိရှိနေရသည်.. မြူ မကြိုက်လောက်ဘူးထင်တဲ့ ဘီယာကိုတောင် စွဲလန်းသွားစေသည်အထိ သူ့အနမ်းတွေက ဖန်ဆင်းနိုင်စွမ်း ရှိလေသည်..။

နဂိုက မူးယစ်ရီဝေနေတဲ့ အတွေးအာရုံတွေကနေ သွေးတွေကို ပြောင်းပြန်စီးဆင်းစေသလို ခံစားနေရပြီး ရင်ခုန်သံတွေကလည်း တိတ်ဆိတ်တဲ့ အခန်းထဲမှာ ကျယ်လောင်လာခဲ့သည်..။

အွန်း.. ပြွတ်စ်...

ရင်ခုန်ညွတ်နူးဖွယ် အနမ်းပြင်းပြင်းတွေကြားမှာ မြူ့အသက်ရှုဖို့ မနည်းကြိုးစားနေရသည်.. အဲဒီ့အချိန်မှာပဲ အကို့ရဲ့ အနမ်းတွေ မြူ့နှုတ်ခမ်းတွေကနေ လည်တိုင်မှတဆင့် ညှပ်ရိုးလေးတွေအပေါ်၊ ထိုမှ ရင်ညွှန့်လေးပေါ်အထိ ကျရောက်လာခဲ့သည်..။

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now